သင့်မှာ ဝဘ်ဆိုက်တစ်ခုရှိခဲ့မယ်ဆိုရင်

Submitted by lwinmaungmaung on
သင့်မှာ ဝဘ်ဆိုက်တစ်ခုရှိခဲ့မယ်ဆိုရင်

သင့်မှာ ဝဘ်ဆိုက်တစ်ခုရှိခဲ့မယ်ဆိုရင်

 

ဝဘ်ဆိုက်တစ်ခုဟာ အများကြီးအသုံးဝင်ပါတယ်။ သို့ပေတည့် ကိုယ်တိုင်အသုံးချမှပဲ အဲဒီအသုံးဝင်မှုကို ချက်ကျလက်ကျခံစားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော် ပြောပြတဲ့အချက်တွေကို နားထောင်လိုက်တဲ့အချိန်မှာပဲ ခင်ဗျားအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့နောက်ဆုံးရအချက်အလက်တွေကို ဖောက်သည်တွေထံ ဘယ်လိုပို့ပေးမလဲဆိုတာကို လက်တွေ့သိသွားပါလိမ့်မယ်။

ကိုယ်ပိုင်အရောင်းကိုယ်စားလှယ်

ခင်ဗျားရဲ့ အင်တာနက်စာမျက်နှာမှာ ကိုယ်ပိုင်အရောင်းကိုယ်စာလှယ်လိုမျိုးအလုပ်လုပ်လို့ရတယ်ဆိုတာကို သိထားပါသလား။ အလုပ်လုပ်တဲ့အချိန်မှာ ကိုယ်ပိုင်အရောင်းကိုယ်စားလှယ်ဟာ ခင်ဗျားကိုယ်စား အလုပ်တွေအများကြီးကို လုပ်ပေးနိုင်ပါတယ်။ ဥပမာ – ဘာတွေလိုမလဲဆိုတာမျိုးကို ခင်ဗျားကို လူတွေက လာမေးနေမှာမဟုတ်ပါဘူး။ ခင်ဗျား ကိုယ်စား ဝဘ်ဆိုက်ကနေ ဖြေပေးနေမှာဖြစ်ပါတယ်။

အီးမေးလ်

မေးလိုက်တိုင်းလူအတော်များများက တူညီတဲ့အဖြေတစ်ခုကိုပဲဖြေလေ့ရှိပါတယ်။ Gmail ရှိနေတာပဲဆိုတာပေါ့။ ကိုယ့်လုပ်ငန်းကို သာမာန်ပဲဖြစ်စေချင်တယ်ဆိုရင်တော့ Gmail ကိုပဲ အားကိုးလိုက်ပေါ့။ သို့ပေမယ့် ကိုယ့်လုပ်ငန်းက ပို့တဲ့ ဝင်စာထွက်စာတွေမှာ တရားဝင်စာတွေဝင်ထွက်ချင်တယ်ဆိုရင် လုပ်ငန်းသုံး အီးမေးလ်ဟာ တကယ်ကြိးကို လိုအပ်ပါတယ်ဗျာ။

နောက်ဆုံးရသတင်းတွေပေးလို့ရတယ်

သတင်းဆိုက်တင်ခိုင်းတာမဟုတ်ပါဘူးလေ။ သို့ပေတည့် ခင်ဗျားနောက်တစ်ပါတ်မှာ ဘာတွေများ လျှော့ဈေးနဲ့ရောင်းမျာလဲ။ ဘာတွေကို လူတွေပိုကြိုက်သလဲဆိုတာတော့ ခင်ဗျား ပြသခွင့်ရှိပါတယ်လေ။ ကိုယ့်လုပ်ငန်းရဲ့ နောက်ဆုံးရအချက်အလက်တွေကို အချိန်နဲ့ အမျှတင်ထားလို့ရတယ်ဆိုတော့ အလုပ်ပိုဖြစ်တာပေါ့။

စည်းကမ်းသတ်မှတ်ထားလို့ရတယ်

ကိုယ့်လုပ်ငန်းမှာထားတဲ့စည်းကမ်းတွေ ပေးချင်တာတွေကို ဝဘ်ဆိုက်မှာတင်ရေးထားလိုက်ပါလား။ ဒီအလုပ်တွေလုပ်ရင် ဒါတွေကို လိုက်နာရမယ်လို့ စည်းကမ်းထုတ်လိုက်ပါ။ ပြီးရင် သူများတွေကို ပြောလို့ရပြီ။ ကျုပ်လိုလိုက်လုပ်ကြည့်ပါလား.. ရူးတောင်သွားဦးမယ်လို့ပေါ့..

တကမ္ဘာလုံးကို ထိုးဖောက်လို့ရတယ်

အမှန်ပါ။ ကျွန်တော့်လုပ်ငန်းကို အင်တာနက်ပေါ်တင်လိုက်တဲ့အချိန်ကစပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ အတိုင်းအတာ တစ်ခုအထိ ကြိုးစားလိုက်နိုင်ပါတယ်။​ခင်ဗျား လုပ်ငန်းရော မထိုးဖောက်နိုင်လို့လား ကျွန်တော်တို့နဲ့သာ တွဲလုပ်ကြည့်ပေါ့။ ထိုးဖော်နိုင်လွန်းလို့ ဟိုးတစ်ဖက်စွန်းတောင်ရောက်သွားဦးမယ်။ ဂြုလ်သားတွေတောင် လာဝယ်ဦးမှာ….

Category