Pi မဝယ်ခင်သိထားသင့်တဲ့အချက်များ

Reading Time: 1 minute

ဒီနေ့ခေတ်မှာ ၃၅ကျပ်တန်ကွန်ပျူတာကို လူတိုင်းကိုင်ချင်ကြတာမဆန်းပါဘူး။ သို့ပေတည့် အဲဒီလောက်နဲ့ ရပ်သွားမှာလား။ ဘာတွေလိုနေဦးမှာလဲ။ ဘယ်လိုသုံးသင့်တာလဲဆိုတာကိုရောမသိသင့်ဘူးလား။ အဲဒီလိုသိချင်သူများအတွက် လာပါပြီဗျား။

RPI က ၃၅ ကျပ်နဲ့ရပ်သွားမယ်ထင်လို့လား…

လူတိုင်းက RPi ကို ၃၅ ကျပ်နဲ့ ဝယ်လိုက်ပြီးရင်မရပ်ပါဘူး။ သူ့အတွက် OS disk အပါအဝင် လေအေးပေးစက်ကအစအကုန်လုံးပါဝင်နေမှာပါ။ အဲဒီအတွက်ကြောင့် နောက်နေထပ်ပြီးဝယ်ရမှာတွေ တပုံတပင်ပေါ်လာပါလိမ့်မယ်။

RPI ကို တကယ့်ကွန်ပျူတာကြီးတွေလို သုံးလို့မရဘူး

၃၅ ကျပ်နဲ့အရာအားလုံးဖြစ်သွားလိမ့်မယ်ဆိုရင်တော့ ငါးပါးမှောက်ပါလိမ့်မယ်။ RPi ကို အဲဒီလိုလုပ်လို့မရပါဘူး။ အင်တာနက်နဲ့ချိတ်ဆက်ပြီးလုပ်ဆောင်ဖို့အတွက်သာဖြစ်တဲ့အတွက်ကြောင့် ဝင်းဒိုးစ်တင်ပြီးလုပ်ချင်တာလုပ်မယ်ဆိုရင်တော့ တာ့တာပါပဲ။ အဲဒီလောက်မကောင်းပါဘူး။

USB Powered ဖြစ်တဲ့အတွက် အလုပ်ပိုလုပ်နိုင်တယ်

နိုင်ငံအနေအထားနဲ့မီးပျက်ပျက် မီးလာလာအလုပ်လုပ်မယ်ဆိုရင်တော့ Rpi က အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မီးပျက်သွားရင် Power Bank နဲ့ဆက်ချိတ်ထားလို့ရပြီး မီးပြန်လာတယ်ဆိုတာနဲ့ တမ်းပြီးတော့ အလုပ်လုပ်နိုင်တဲ့စက်လိုချင်တယ်ဆိုရင် Rpi ယူပါ။

သွားလေရာသယ်သွားလို့ရတယ်.

စက်က အိမ်မှာရှိတဲ့ဆပ်ပြာခွက်ကမှ ကြီးနေပါဦးမယ်။ အဲဒီလောက်တောင်သေးနေတဲ့စက်မျိုးကို နေရာတကာသယ်သွားလို့ရမယ်ဆိုတော့ ယုံမှားသံသယမရှိနိုင်ပါ။

အရောင်ပြောင်းလို့ရတယ်။​

ပုတ်သင်ညိုတွေလိုပါပဲ။ အရောင်ကောင်းပါတယ်။ အခု media player ဖြစ်လိုက်၊ အခုဂိမ်းစက်ဖြစ်လိုက်၊ အခုပဲ tablet ဖြစ်လိုက်၊ အခုကွန်ပျူတာဖြစ်လိုက်လုပ်လို့ရပါတယ်။ နေရာစား ပါဝါစားသက်သာတာပေါ့။

 

One Reply to “Pi မဝယ်ခင်သိထားသင့်တဲ့အချက်များ”

Leave a Reply