ကိုယ်တိုင် blog ကို Medium လိုမျိုးရှင်းရှင်းရေးကြမယ်

Reading Time: 1 minute

မြန်မာပြည်မှာ အခုတလောတော့ လူကြိုက်များ ရေပန်းစားနေတဲ့နောက်ထပ် social network ပုံစံတစ်ခုကတော့ စာရေးသူများအကြိုက် Medium ဖြစ်ပါတယ်။ Medium အကြောင်းကိုတော့ နောက်များမှာ အကျယ်တဝင့်ရေးပြမှာ ဖြစ်တဲ့အတွက်ကြောင့် အခုတော့လိုရင်းတိုရှင်းပဲပြောလိုက်ပါရစေ။ အဲဒီလိုမျိုး ကိုယ်ပိုင် Blog လေးမလုပ်ထားချင်ဘူးလား။

ကိုယ်ပိုင် Blog ကိုရေးတော့မယ်ဆိုကတည်းက တီးမိခေါက်မိရှိထားသင့်တာကတော့ google က ပေးတဲ့ blogger.com ကိုသုံးတာပဲဖြစ်ဖြစ်၊ သို့မဟုတ် တခြားဟာတွေဖြစ်တဲ့ wordpress.comတို့ tumblr တို့ သုံးတာပဲဖြစ်ဖြစ် စမ်းသပ်ပြီးသားဖြစ်မှာပါ။ ဆိုပေမယ့် အကောင်းဆုံးလိုချင်တယ်ဆိုရင်တော့ စရိတ်တစ်ခုအကုန်အကျခံလိုက်ပြီး ကိုယ်ပိုင်ဆိုက်တစ်ခုလုပ်လိုက်ခြင်းသည်ပင်လျှင် စရိတ်စက အနည်းဆုံးကျစေမယ့်နည်းလမ်းပါ။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ပိုင်းမှာ ဆိုက်တွေက အခမဲ့ကနေ အခပေးဖြစ်သွားတဲ့အချိန်မှာ ဈေးနှုန်းက ကိုယ်ကျိုးနည်း တက်သွားတတ်ပါတယ်။ သတိပြုလိုက်တာမမှားပါဘူး။

ထားပါ။ ကိုယ်ပိုင်ဆိုက်ကို မလုပ်ပဲနဲ့ အပေါ်ကလိုမျိုးအခမဲ့ကိုပဲ လိုချင်တယ်ဆိုရင်တော့ ရပါပြီ။ စာဆုံးပါပြီ။

မဟုတ်ဘူး. ဆက်ဖတ်ပြီးကိုယ်ပိုင်ဆိုက်တစ်ခုကိုလိုချင်တယ်ဆိုရင်တော့လိုတာတွေကိုလည်းပြောပြပါမယ်။

ကိုယ်ပိုင်ဆိုက်တစ်ခုကိုလုပ်မယ်ဆိုရင် အဲဒီဆိုက်မှာ wordpress သွင်းဖို့လွယ်လားဆိုတာကို တစ်ချက်ကြည့်ရပါလိမ့်မယ်။ သွင်းချင်တယ်ဆိုရင် wordpress ကိုသွင်းပါ။ မပေးဘူးဆိုရင်တော့ wordpress.org ကို သွားပြီးတော့ ဒေါင်းလုပ်ဆွဲပါ။

အဲဒီနောက်မှာ ဖိုင်ကို FTP သုံးပြီးတော့ အပေါ်ကို Upload ပြန်လုပ်လိုက်လို့ရပါတယ်။

အဲဒီလိုပြောလိုက်ရင်တိုင်ပတ်သွားတယ်မဟုတ်လား။ ဆက်ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာဖတ်လိုက်လို့ရပါတယ်..

Lovely Family Host မှာဆိုရင်တော့ အဲဒါမျိုးတွေမလိုတော့ပါဘူးနော်..

CPanel ကိုဖွင့်လိုက်ရင် အောက်ပါအတိုင်းတွေ့ရမှာပါ

အဲဒီနောက်ပိုင်းမှာ Login ဝင်ပြီးရင် Fantastico Installer ကိုရှာလိုက်ပြီးတော့ wordpress   သွင်းလိုက်ပါ။

ဘယ်ဘက်ထောင့်ဆုံးမှာ WordPress ဆိုတာလေးကို သွင်းလိုက်လို့ရတယ်မဟုတ်လား

အဲဒီမှာ wordpress ကိုတိုက်ရိုက် install လုပ်ဖို့နှိပ်လိုက်ပါ

One Click Installer  မှာဒါမျိုးလေးကိုရွေးလိုက်တယ်ဆိုရင် wordpress ကိုစတင်လို့ရပါပြီ

ပြီးရင်တော့ Install Now ကိုရွေးလိုက်ပါ။

Install Now ကိုရွေးလိုက်ပြီးရင်တော့ ဒါမျိုးလေးကို တွေ့လိုက်ရမှာပါဗျား

အဲဒီမှာ ထည့်ရမှာလေးတွေကို တစ်ဆက်တည်းပြောပြလိုက်ပါဦးမယ်။

Choose Protocol ဆိုတဲ့နေရာမှာ https://www. ဆိုတာကို ရွေးပေးပါ။ အဲဒါဆိုရင် ဆိုက်မှာ SSL က တစ်ခါတည်းပါပြီးသားမို့လို့ တစ်ခါတည်း ကိုယ့်ဆိုက်ကို Secure ဖြစ်အောင်(လုံခြုံအောင်) လုပ်လို့ရပါတယ်ဗျား။

Choose Domain ဆိုတဲ့နေရာမှာတော့ ကိုယ့် Domain ဟာအဆင်သင့်ရွေးပြီးသားဖြစ်မှာပါ။ ဒဿနဲ့ အနန္တဆိုရင်တော့ ကိုယ်ကြိုက်တဲ့ဒိုမိန်းကို ထပ်ရွေးပေးဖို့လိုပါလိမ့်မယ်။

In Directory ဆိုတဲ့နေရာမှာတော့ အလွတ်ထားပေးလိုက်ရင် ပင်မ Website ထဲမှာသွင်းပေးပါလိမ့်မယ်။ ထည့်ပေးလိုက်ရင်တော့ အဲဒီ folder အောက်ထဲမှာသွင်းပါလိမ့်မယ်။

Site Setting မှာ ကိုယ်ဆိုက်နာမည်နဲ့ စာတိုတစ်ကြောင်းတော့လိုပါလိမ့်မယ်။

Admin Username နဲ့ Password ကို ကိုယ်တိုင်ထည့်လိုက်ပါ။

Admin Email  မှာ ကိုယ့် Email ကိုထည့်ပေးပါ။

ပြီးရင် အောက်ဆုံးက Theme ကိုရွေးပေးလိုက်နော်။

အဲဒီလို Theme ကိုရွေးပေးလိုက်တယ်ဆိုရင်ကိုယ့်မှာ Medium လိုမျိုးရေးလို့ကောင်းတဲ့ဆိုက်ကလေးတစ်ခုကို ကိုယ်ပိုင်ရသွားပြီဖြစ်တဲ့အတွက်ကြောင့် စာစရေးလို့ရနေပါပြီနော်။

လိုအပ်တာတွေရှိရင်လည်း Lovely Family က Support ပေးနေပါတယ်။

ဧက/ဒဿ/အနန္တ package တွေမှာတစ်ပါတည်းသွင်းထားတဲ့အတွက်ကြောင့်မို့ စိတ်ကြိုက်ရွေးချယ်ပြီးအမှာစာမှာ WordPress တစ်ခါတည်းတင်ပေးဖို့လည်းတောင်းဆိုနိုင်ပါတယ်ဗျား..

Leave a Reply