Blogger နဲ့ wordpress ဘာသုံးမလဲ

Reading Time: 1 minute

လူတိုင်းက ဒီနေ့ခေတ်မှာစာရေးဖို့ဆိုတာလည်း အခက်အခဲတစ်ခုမှမဟုတ်တော့ဘူးလေ။ အဲဒီအတွက်ကြောင့် လူတိုင်းဟာ ကိုယ်ထင်မြင်တဲ့ကိစ္စတွေကို အွန်လိုင်းပေါ်မှာ ဖောက်သည်ချဖို့လိုလာပြီလေ။ အဲဒီမှာ ကိုယ်ကြိုက်တာသုံးဖို့ပဲ တိုင်ပတ်ကုန်တော့တာ။

ရေတိုကိုပဲကြိုက်တယ်ဆိုရင်တော့ ဘာမှလုပ်မနေပါနဲ့။​ ဒါက ရေရှည်အတွက်ပြောတာပါ။

လူတိုင်းက blogger ကိုသုံးကြပါတယ်။ ဒီဇိုင်းကောင်းတာရယ်၊ မြန်တာရယ်၊ အဓိကကတော့ Google က ကျောထောက်နောက်ခံပြုပေးထားတဲ့အတွက်ကြောင့်ပိုပြီးတော့ လူသုံးများပါတယ်။ အဲဒီလောက်တော့ ကျောထောက်နောက်ခံအားမကောင်းပေမယ့် အားကောင်းလာတာကတော့ Blogging လောကမှာ WordPress  က အတော်များများကို လူသုံးပါတယ်။ ဘယ်လောက်တောင်သုံးလဲဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ဆိုက်တွေရဲ့ သုံးပုံတစ်ပုံလောက်ကို wordpress က ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ အဲဒါဆို သိပ်ပြောဖို့မလိုတော့ဘူးနော်။

အရင်ဆုံး Blogger ရဲ့အားနည်းချက်က hosted ဖြစ်တဲ့အတွက် ဆိုက်ကြာလာတာနဲ့အမျှဆိုက်ကနေ ထွက်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဆိုက်ထဲမှာ post ပေါင်း ၃ သောင်းလောက်ကိုရွှေ့ရမယ်ဆိုရင် ဘယ်လောက်တိုင်ပတ်လဲဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။

WordPress ရဲ့တိုင်ပတ်တာကတော့ ကိုယ့်ဆိုက်ကိုယ်ထောင်ပြီးရေးရတာပါပဲ။ အခမဲ့ပေးတာလည်းရှိပါတယ်။ ဒါပေမယ့်ဆိုက်ကို ငွေကြေးတစ်စုံတစ်ရာပေးပြီးမှ ကိုယ်ကြိုက်တာကို ပြောင်းလဲခွင့်ရမှာပါ။ ဥပမာ – Theme သွင်းတာမျိုးပေါ့။

Blogger မှာဒုက္ခပေးတာတစ်ခုကကျတော့ ရုပ်ရှင်တွေကို Youtube ကသွင်းမယ်ဆိုရင် အပြည့်ပုံစံမရပါဘူး။ တစ်ဝက်တပျက်ပဲရတဲ့အတွက်ကြောင့်ပိုပြီးတော့ ဆိုပါတယ်။ အဲဒီပုံတွေကို ချိန်လိုက်ရင်လည်း ကိုယ်ပါတိုင်ပတ်သွားတဲ့အတွက်ကြောင့် သုံးရတာ ပြဿနာရှိပါတယ်။

WordPress မှာ Plugin အသွင်းမတတ်ရင် တစ်ဆိုက်လုံးဖြူသွားတတ်ပါတယ်။ အဲဒီကြောင့် လက်ယားရင် အာမခံမရှိဘူးဆိုတာကိုတော့ သတိချပ်ထားသင့်ပါတယ်။ (ဆိုက်ကျသွားရင် ကျွန်တော်တို့ကိုပြောပါ။ Lovely Family Host မှာဝယ်ထားရင် အခမဲ့ restore ပြန်လုပ်ပေးနိုင်ပါတယ် – ဤကားစကားချပ်)

Blogger မှာ Navigation လုပ်ရတာအရမ်းခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်တော့အဆင်မပြေလိုက်ပါ။ အဲဒီအတွက်ကြာင့် သိပ်မကြိုက်ပါ။ Tagging စနစ်နဲ့ပဲသွားတာများပါတယ်။

WordPress မှာကတော့ Content တွေ အရမ်းထည့်လာတာနဲ့အမျှ hosting မကောင်းရင် ဆိုက်အရမ်းလေးလာပါတယ်။ သတိပြုဖို့ကောင်းပါတယ်။ (မြန်အောင်သုံးတဲ့အရာတွေအများကြီးရှိပါတယ်။ အခမဲ့လိုချင်ရင် Lovely Family မှာထားပါ)

Blogger မှာကြော်ငြာထည့်ရတာအရမ်းခက်သလို verfiy လုပ်ရတာလည်းတိုင်ပတ်ပါတယ်။ ဖိုင်ကို တိုက်ရိုက်ကိုင်ခွင့်မပေးပဲ လိုတာကိုပဲပြင်ခွင့်ပေးလို့ပါ။

WordPress မှာ ဖိုင်အကိုင်မတော်လိုက်ရင် အကုန်ခါးသွားတတ်ပါတယ်။ မလုပ်ခင်ကြိုသတိထားတာအကောင်းဆုံးပါပဲ။ (Lovely Family Host မှာဆိုရင်တော့ Backup ရတယ်နော့)

အဲဒီတော့ကြိုက်တာသုံးတိုင်ပတ်ချိန်တန်ရင်တော့ တိုင်ပတ်မှာပါပဲ။ အဲဒီလိုမျိုးများ တိုင်မပတ်ချင်ဘူးဆိုရင်တော့ Lovely Family Host မှာ wordpress preinstalled လုပ်နိုင်တဲ့ Package တွေအများကြီးရှိပါတယ်. blogger တွေစိတ်ကြိုက် ဆိုက်လည်းမြန်ပြီးသားဆိုတော့ ဘာလိုသေးလဲ..

Screen Shot 2018-10-25 at 13.30.25.png

Leave a Reply