WordPress နဲ့ Static Site ဘာလုပ်မလဲ

Reading Time: 1 minute

ကိုယ်ပိုင်ဆိုက်တစ်ခုထောင်တယ်ဆိုတာလွယ်တယ်လို့များထင်လိုက်ရင် မျက်နှာ အရင်ဆုံးပြေးသစ်လိုက်တာ အကောင်းဆုံးနည်းလမ်းလို့ပဲ ကျွန်တော်လည်း ဆိုလိုချင်ပါတယ်။ ဆိုက်ထောင်ရတာ အများကြီးစဉ်းစားစရာ၊ တွေးတောစရာတွေရှိပါတယ်။ အဲဒါကြောင့်မို့ အဲဒီလိုတွေးတောရတာကိုကြိုက်နှစ်သက်တဲ့သူများအတွက် နှိုင်းယှဉ်စရာလေးတွေကို တင်ပေးနေတာလည်းဖြစ်ပါတယ်။ ကိုယ်ပိုင် website တစ်ခုရှိခြင်းရဲ့ကောင်းကျိုးတွေကိုတော့ သင့်မှာ ဝဘ်ဆိုက်တစ်ခုရှိခဲ့မယ်ဆိုရင် နဲ့ သင့်လုပ်ငန်းမှာ ဝဘ်ဆိုက်ရှိဖို့လိုအပ်တဲ့အကြောင်း ၇ ချက် မှာ ဖတ်ကြည့်လို့ရပါတယ်။ အဲဒီမှာ wordpress နဲ့ပဲဖြစ်ဖြစ် static နဲ့ပဲဖြစ်ဖြစ် လိုအပ်တာတွေကို ဖော်ပြထားပါတယ်။

ဘယ်အချိန်မှာ ဘာကိုသုံးမလဲ

အရာတိုင်းမှာ လိုအပ်တဲ့အချိန်ရယ်၊ လိုအပ်တဲ့နေရာဆိုတာရှိပါတယ်။ မလိုအပ်တာကို ရွပြီးသွားလုပ်လိုက်ရင် ဒုက္ခဆိုတာ လက်တစ်ကမ်းမှာရှိသလို မှန်ကန်တဲ့အရာကို လုပ်လိုက်ရင်လည်း အောင်မြင်မှုဆိုတာက လက်တစ်ကမ်းမှာပဲရှိပါတယ်။

အရင်ဆုံး ကိုယ်ရေးချင်တဲ့ဆိုက်အမျိုးအစားကို ကွဲပြားအောင်သိဖို့လိုပါတယ်။ Dynamic လို့ခေါ်တဲ့ wordpress လို ဆိုက်မျိုးရေးမယ်ဆိုရင်တော့ အလွယ် website ရေးဖို့အကောင်းဆုံး tools များ ကို အရင်ဖတ်ထားဖို့လည်းလိုပါလိမ့်မယ်။ ကိုယ်ပိုင်ဆိုက်တစ်ခုရေးမယ်ဆိုရင်တော့ မလိုပါဘူး။ ဒီအတိုင်းဖတ်သွားရုံပါပဲ။

ကိုယ်က စာ ၅မျက်နှာလောက်ပဲရှိတဲ့ ဆိုက်တစ်ခုကိုထောင်မယ်ဆိုရင်တော့ ထွေကာလီကာ စဉ်းစားမနေပဲ Site Builder တစ်ခုကိုသုံးလိုက်တာပိုကောင်းပါတယ်။ (Lovely Family Host ရဲ့ Cpanel တွေအားလုံးမှာ Site Builder ပါပါတယ်။ အခမဲ့အသုံးပြုနိုင်ပါတယ်။) အဲဒီအတွက် ဆိုက်လည်းပိုမြန်သွားမှာဖြစ်သလို ကိုယ်လည်း ဘာမှသိစရာမလို၊ သွင်းယူစရာမလိုပဲ အလုပ်တွေအားလုံးပြီးမြောက်သွားမှာလည်းဖြစ်ပါတယ်။

တကယ်လို့များ ကိုယ်ဟာ blog သို့တည်းမဟုတ် အချက်အလက်တွေကို အမြဲတစေ တင်နေရမယ့်လူဆိုရင်တော့ wordpress ကိုသုံးတာက ပိုကောင်းပါလိမ့်မယ်။ ဆိုက်မှာလိုတာကိုတင်၊ လုပ်ချင်တာကို အမြန်ဆုံးလုပ်နိုင်မယ်ဆိုတာကတော့ ငြင်းဖွယ်ရာမရှိပါဘူး။ ဒါပေမယ့် static လောက်တော့ ဆိုက်မမြန်ပါဘူး။

Static ဘယ်အချိန်မှာသုံးမလဲ

ကိုယ်ပိုင်လုပ်ငန်းမှာ စခါစသုံးမယ်ဆိုရင်တော့ static site ကိုသုံးတာပိုကောင်းပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဆိုက်ကို အဲဒီလိုသုံးခဲ့တာဖြစ်ပါတယ်။ ကိုယ်ပိုင် စလုပ်ခါစ၊ ဘာအချက်အလက်မှမပါသေးတဲ့အချိန်မှာ ဆိုက်ကို အလွယ်လုပ်လိုက်ရတာပေါ့။ Blog တွေလည်းမပါသေးဘူး၊ announcement တွေလည်းမပါသေးတဲ့အချိန်မှာ ဒီဆိုက်မျိုးလောက်ပဲလုပ်တာကောင်းပါတယ်။

အချက်အလက်လည်း မများဘူးဆိုတဲ့ ကိုယ်ပိုင် portfolio site လိုမျိုးဆိုရင်တော့ static ဆိုက်ကကောင်းပါတယ်။ လုပ်ငန်းအကြောင်း သိပ်အများကြီးပြောစရာမရှိသေးဘူးဆိုရင်လည်း အဲဒီလောက်နဲ့ဆိုရပါတယ်။

WordPress ဘယ်အချိန်သုံးသင့်လဲ

အနိမ့်ဆုံးဆိုက်တစ်ခုမှာ blog လောက်ထည့်မယ်ဆိုရင်တော့ wordpress ကိုသုံးသင့်ပါပြီ။ (Lovely Family Host မှာ အခမဲ့အသင့်သွင်းယူနိုင်ပါတယ်။ကိုယ်ပိုင် blog ရေးချင်တဲ့သူတိုင်းသိသင့်တဲ့အချက်များ မှာလည်း ပိုပြီးအသေးစိတ်ရေးထားပါသေးတယ်။

မသုံးရင်လည်းရလားဆိုရင်တော့ ဝဘ်ဆိုက်နဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေမှားတတ်တဲ့ အရာ(၅)ခု မှာ အချက်(၄)အနေနဲ့ အောက်ပါအတိုင်းတွေ့ရပါတယ်။

၄။ ဘလော့ခ်မရှိခြင်း

နိုင်ငံအများစုမှာ အောင်မြင်တဲ့လုပ်ငန်းတိုင်းဟာ blog ကိုရေးကြပါတယ်။ ဘလောခ့်ဆိုတာဟာ အသုံးပြုသူတွေကို ချက်ခြင်းလက်ငင်းရောက်သွားနိုင်စေမယ့် ကြော်ငြာနည်းတစ်မျိုးပါပဲ။ အခုနောက်ပိုင်းမှာ ဝယ်ယူသူတွေဟာ ၈၀ ရာခိုင်နှုန်းလောက်အထိ အင်တာနက်ပေါ်မှာ ရှာဖွေပြီးတော့မှ ဝယ်ယူကြမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ဘလောခ့်လိုမျိုးလုပ်ပြီးရင် ထည့်ပေးရမယ့် အချက်အလက်တွေကိုစဥ်းစားပြီး ဘလော့ခ်တစ်ခုထောင်လိုက်ပါတော့။

အဲဒီတော့ ကိုယ့်ဆိုက်တစ်ခုမှာ blog မရှိရင် တံခွန်မရှိတဲ့ဘုရား၊ လင်မရှိတဲ့မယားလိုပဲ မတင့်တယ်ပါဘူး။ အဲဒီတော့  Blog တစ်ခုလုပ်ဖို့လိုအပ်တဲ့အတွက်ကြောင့် blog ဆိုတာမျိုးက ထားကိုထားသင့်တယ်လို့ပဲ ဆိုရတော့မှာပါ။ အခု စာဖတ်သူတောင် ကျွန်တော်တို့ Blog ကို ရောက်လာပြီး အချက်အလက်တွေကို ဒလဟောရယူနိုင်နေပြီမဟုတ်လား။

အရှိန်ဆိုရင်တော့ နည်းနည်းနှေးမှာပါ။ အရံသင့်မဟုတ်တဲ့အတွက်ကြောင့်ဆိုက်နည်းနည်းနှေးနိုင်တယ်ဆိုပေမယ့် မြန်အောင်လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။

၂ခုစပ်သုံးချင်တယ်

တစ်ခါတစ်ရံမှာ ၂ခုစပ်သုံးလိုက်ရတာလည်းရှိပါတယ်။ ဥပမာ – ကျွန်တော်တို့ဆိုက်လိုမျိုး ၂မျိုးစပ်ပြီးသုံးချင်တယ်ဆိုရင်လည်းဖြစ်နိုင်ပါတယ်။ Static ဆိုက်ကို အပြင်မှာထားလိုက်ပြီး wordpress ကို blog အနေနဲ့ပဲသုံးတာက ပိုကောင်းတယ်ဆိုခံစားရပါတယ်။ အဲဒီအတွက်ကြောင့်လည်း အပင်ပန်းခံပြီးတော့ လုပ်တာလေ။ အဲဒါက အရှိန်ကို ပိုမြန်စေတယ်လို့ခံစားရပါလိမ့်မယ်။ မြန်လားမမြန်ဘူးလားဆိုတာကို ကျွန်တော်တို့ပင်မဆိုက်ဖြစ်တဲ့ https://www.lovelyfamilymm.com နဲ့ blog ဖြစ်တဲ့ အခုဆိုက်ကို ယှဥ်ဖွင့်လိုက်ရင် ကွာဟမှုကို မြင်ရမှာဖြစ်ပါတယ်။ အဲဒါအဓိကပါပဲ။

အနှစ်ချုပ်ပြောရင်တော့ website တိုင်းမှာ လိုအပ်ချက်ကိုကိုက်ညီအောင်လုပ်ကိုင်ရပါတယ်။ တစ်ခါတစ်ရံမှာ static site က အချိန်ကုန်သက်သာပေမယ့် ရေရှည်လိုအပ်လာရင်တော့ wordpress ကိုပြောင်းသုံးရပါတယ်လေ။ အဲဒီလိုပဲ theme တွေကိုလည်း လွယ်လင့်တကူဝယ်ယူလို့ရမှာပါ။ ၂ခုစပ်သုံးနည်းလည်း ပြောထားပြီးပြီပဲလေ။ အဆင်ပြေမှာပါ။

အကယ်၍ အဆင်မပြေဘူးဆိုရင်တော့ ကျွန်တော်တို့ Lovely Family Host မှာလည်း လုပ်ငန်းနဲ့ကိုက်ညီအောင် သီးသန့် web design ဆွဲပေးတာလည်းရှိနေတဲ့အတွက်ကြောင့် လိုအပ်ရင် ကူညီပေးနိုင်ပါတယ်။ Hosting ကိုလည်း တစ်နှစ်လုံး ၄ သောင်း ၉ ထောင် (တစ်လကို ၅၀၀၀) ကျပ်နဲ့ လုပ်ပေးနေတဲ့အတွက်ကြောင့် ဆိုက်မှာကိုယ့်စိတ်တိုင်းကျ ဝယ်ယူအားပေးပြီး ကျွန်တော်တို့ blog ကို အားနဲ့အင်နဲ့ ဖတ်ရှု့နိုင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်း သတင်းကောင်းပါးလိုက်ရကြောင်းပါ။ package တွေအကြောင်းကိုတော့ အောက်က Link လေးမှာဖတ်ပေးပါနော်..

Hosting – Lovely Family Host မှာ ဈေးနှုန်းတွေအကြောင်းကို ရေးထားပေးပါတယ်။

Website တစ်ခုလုံးကိုလည်း ဒီဇိုင်းက အစ ဆိုက်တက်အဆုံး အကုန်လုပ်ပေးပါတယ်။

ကျွန်တော်တို့အကြောင်း ကိုလည်း ဖတ်ကြည့်နိုင်ကြောင်းပါဗျား။

Leave a Reply