Email တိုက်ခိုက်မှုကြုံလာခဲ့သော်

Reading Time: 1 minute

အခုတလောမှာ Email တွေလည်း တိုက်ခိုက်ခံရတာများလာပါတယ်။ ဟိုးအရင်တုန်းကလည်း Phishing လို့ခေါ်တဲ့ ယုန်ထင်ကြောင်ထင် တိုက်ခိုက်မှုတွေကိုလည်း ကြုံခဲ့ဘူးကြမှာပါ။ (Phishing Attack အကြောင်းကို သိချင်ရင် Phishing Attack ဆိုတဲ့စာစုမှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။) အဲဒီလိုမျိုးမဟုတ်ပဲ နောက်တစ်ခုကတော့ ကိုယ်မသိတဲ့ဟာမျိုးမှာ Phishing attack သို့တည်းမဟုတ် အခြားသော သူစိမ်းစာမျိုးတွေ ဝင်ရောက်လာပြီဆိုရင် ဘာမျိုးတွေ လုပ်သင့်လဲဆိုတာလေးကိုပါ ပြောပြလိုက်ပါမယ်။

ဝင်စာတိုင်းကို သတိပြုပါ။

စာဝင်လာလိုက်တဲ့အချိန်တိုင်းမှာ လွယ်လင့်တကူ Link တွေကိုပဲဖြစ်ဖြစ် ဖိုင်တွေကိုပဲဖြစ်ဖြစ် ဖွင့်မကြည့်ဖို့ကိုသတိပြုပါ။ အဲဒီလိုသတိပြုချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ ဝင်လာတဲ့ Domain ကိုတစ်ချက်ကြည့်ပါ။

အထက်မှာပြထားတဲ့ပုံအရဆိုရင် စာသားဟာ ပုံမှန်မဟုတ်တာကို သိသာထင်ရှားစေတဲ့အချက်အလက်က To ဆိုတဲ့နေရာမှာ  undisclosed-recipients; ဆိုတဲ့အရာဖြစ်ပါတယ်။ ပုံမှန် Email တစ်စောင်ဆိုရင်တော့ အောက်ပါပုံစံမျိုးကို တွေ့ရပါလိမ့်မယ်။

ဒုတိယအချက်မျိုးမှာဆိုရင် စာသားအသွားအလာကိုကြည့်လိုက်ရင်လည်း ချက်ခြင်းကြီးဆိုသလို တမ်းပြီး အလုပ်ခိုင်းတဲ့အရေးအသားမျိုးဖြစ်ပါတယ်။ အခုခေတ်ကြီးမှာ အလုပ်လုပ်တဲ့သူတိုင်းဟာ Compose  ထက် Reply ကို ပိုပြီးတော့ အားကိုးသလို စာမပို့ခင်မှာလည်း messenger ဖြင့်ဖြစ်စေ၊ ဖုန်းကဖြစ်စေ တစ်နည်းတစ်ဖုံ ပြောဆိုပြီးမှ စာပို့စာယူလုပ်ကြတဲ့အတွက်ကြောင့် စာက ဘယ်သူဆီကရောက်မယ်ဆိုတာကွာခြားပါတယ်။

နောက်တစ်ခုပြောရမယ်ဆိုရင် တိုက်ခိုက်ချင်တဲ့သူတိုင်းဟာ link တစ်ခု သို့တည်းမဟုတ် attachment ကိုတွဲထည့်ပေးလိုက်တာများပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုတိုက်ခိုက်မယ့်သူဟာ Link တစ်ခု သို့တည်းမဟုတ် ဖိုင်တစ်ခုကို ဒေါင်းလုပ်ဆွဲအောင် အားပေးတတ်ကြပါတယ်။ နောက်ပြီး မက်လုံးလည်းပေးတတ်ပါသေးတယ်။ ယောကျ်ားဆုံးသွားလို့ ခိုကိုးရာမဲ့လို့ သိန်းပေါင်း ၂သောင်းလောက်ကို ပေးလိုက်ချင်လို့ပါဆိုတဲ့မက်လုံးမျိုးလည်း ပေးတတ်ပါသေးတယ်။ (အဲဒါတော့ရိုးသွားပြီမဟုတ်လား)

နောက်တစ်စောင်ကလည်း ဖုန်းအဆက်အသွယ်မရှိပဲပို့တာပါပဲ။ ဒါပေမယ့် တရားဝင်လိပ်စာကိုပြထားသလို ကိုယ့် Email လိပ်စာကိုလည်း CC or BCC ကြည့်လို့ရပါတယ်။ အဲဒီအတွက်ကြောင့် ကွာခြားပါတယ်။

ကိုယ့် Email ကို လုံခြုံချင်တယ်ဆိုရင် အောက်ပါတွေကို ဂရုပြု ကြည်ရှု့ဖို့ လိုပါလိမ့်မယ်။

  1. Sender Domain – ပို့တဲ့သူရဲ့ လိပ်စာကိုကြည့်ပါ (နာမည်နဲ့ Email လိပ်စာတူပါစေ။ Google ဆိုပြီး googl.es ဆိုတာမျိုးဆိုရင်တော့ သတိထားပါ)။
  2. အပို့ခံရသူလိပ်စာမှာ undisclosed တို့ဘာတို့ဆိုရင် သတိထားပါ။ အဲဒါက attack အမျိုးအစားဖြစ်ဖို့ အလားအလာများပါတယ်။
  3. ဖိုင်ကို ဒေါင်းလုပ်မဆွဲခင် ထပ်သတိထားပါ။ အရေးကြီးဖိုင်ဆိုတာ ပြောပြီးမှ ပို့ပါတယ်။ ဘယ်လောက်အလုပ်များများ ဘယ်ဖိုင်က ဘယ်ကလာမယ်ဆိုတာသိပြီးသားဖြစ်သလို Domain လိပ်စာကိုလည်း သိထားမှာပါ။
  4. ဒေါင်းလုပ်ဆွဲရမယ်ဆိုရင်လည်း Link ပေါ်ကို hover လုပ်ကြည့်ပါ။ (Mouse တင်ကြည့်ပါ)။ ဘယ်လုပ်ငန်းကမှ ဖိုင်တွေကို အားအားရှိ Dropbox တို့၊ Google Drive တို့ပေါ်ကိုတင်ပြီးမပို့ပါဘူး။ အဲဒါကို သတိပြုပါ။ (မပို့ခင်လည်း ကြိုပြောတတ်ကြတဲ့သဘောတရားရှိသလို အလုပ်စာတွေကို အဲဒီလောက် ခက်ခက်ခဲခဲ share စရာလည်း မလိုလောက်ဘူးလို့ထင်ပါတယ်။)
  5. မဖွင့်ခင် antivirus နဲ့စစ်ပါ။ (သတိဆိုတာ ပိုတယ်မရှိပါဘူး)

Lovely Mail ကို အသုံးပြုတဲ့သူများအတွက်က အောက်ပါနည်းလမ်းတွေနဲ့လည်း ထပ်ပြီးစစ်ဆေးလို့ရပါသေးတယ်။

အဲဒီမှာ ကိုယ်ဖွင့်လိုက်တဲ့ mail ကို show source နဲ့လည်းစစ်နိုင်ပါသေးတယ်။ အဲဒီမှာ SPF နဲ့ DKIM ကျပြီဆိုရင်တော့ လွှင့်သာပစ်လိုက်ပါတော့။ အဲဒီလိုလည်း စစ်ဆေးလို့ရပါသေးတယ်။

အကယ်၍များ ကိုယ်က Lovely Mail အသုံးပြုသူဖြစ်နေပြီးတော့ အထက်ပါလိုမျိုး စိတ်ထဲမှာ သံသယရှီနေပြီဆိုရင် Lovely Famil Host ကို support mail ဖွင့်ပြီး အကူအညီတောင်းခံနိုင်ပါတယ်ဆိုတဲ့အကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်။

တည်ငြိမ်အေးချမ်းစွာဖြင့် အင်တာနက်အသုံးပြုနိုင်ကြပါစေ။

Leave a Reply