portfolio အတွက် အသစ်ထွက် အခမဲ့ Template ၅ခု

Reading Time: 1 minute

Website ထောင်ဖို့ဆိုတာလုပ်ငန်းရှင်တွေသာမက ပညာရှင်တွေကလည်း Website ရှိဖို့လိုအပ်ပါတယ်။ ဘယ်သူတွေလိုအပ်သလဲဆိုရင်တော့ professionals တွေအားလုံးလိုအပ်ပါတယ်။ ရှေ့နေတွေ၊ ရုပ်ရှင်သူရုပ်ဆောင်တွေ၊ ဓာတ်ပုံဆရာတွေ၊ အလှဖန်တီးရှင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီ၊ ပန်းပုဆရာတွေ အပါအဝင် အတော်များများဟာ professional တွေပဲဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင် portfolio ဆိုတာရှိသင့်ပါတယ်။

အဲဒီတော့ လုပ်လည်းလုပ်ချင်တယ်။ ဆိုက်ထောင်ဖို့ကိုလည်းစိတ်ဝင်စားတယ်ဆိုပေမယ့် ကိုယ်ပိုင်ဆိုက်တစ်ခုကိုဘယ်လိုထောင်ရမလဲဆိုတာကို မသိဘူးဆိုသူများအတွက်ကတော့ ကိုယ်ပိုင် blog ရေးချင်တဲ့သူတိုင်းသိသင့်တဲ့အချက်များ ကို အရင်ဖတ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

တကယ်လို့များ အဲဒီထဲက အချက်အလက်တွေနဲ့ကိုက်ညီလို website လုပ်ချင်တယ်ဆိုရင် ကိုယ့်ဆိုက်ကို စထောင်လို့လည်းရပါပြီ။ (Lovely Family Host မှာ တစ်လကို ၅၀၀၀ ကျပ် / တစ်နှစ်ကို ၄သောင်း ၉ ထောင်ကျပ်နဲ့ဝယ်ယူလိုက်တယ်ဆိုရင်ပဲ ရနေပါပြီ။) wordpress ပါတစ်ပါတည်းသွင်းပေးလိုက်တဲ့အတွက်ကြောင့် ဆိုက်ကလည်းတက်နေပါပြီ။

သို့ပေတည့် ကိုယ်က လုပ်ချင်တဲ့ဆိုက်က portfolio ဆိုက်ကိုလုပ်ချင်တာ။ ကိုယ်ဟာ ဘယ်သူပါ။ ဘာလုပ်ငန်းတွေ လုပ်ပါတယ်။ လုပ်သက်အတွေ့အကြုံက ဘယ်လောက်ရှိပါတယ်ဆိုတာကိုပြချင်တာ။ ဒါပေမယ့် ပေးထားတာက blog ရေးဖို့အတွက်ကို ဦးစားပေးထားတယ်ဆိုရင်တော့ တိုင်ပတ်ပါပြီ။ အဲဒီအတွက်ကြောင့် ကိုယ်ကြိုက်တဲ့ theme လေးများရှိရင် တစ်ပါတည်းသွင်းလို့ရအောင်လို့ အောက်မှာ အကောင်းဆုံး portfolio free themes တွေကို တင်ပြထားပေးလိုက်ပါတယ်။

 

RT Portfolio

ဒီဇိုင်းလည်းကောင်းသလို လုပ်ချင်တာကိုလည်း လွယ်လင့်တကူရနိုင်မယ့်ပုံစံလေးပါ။ ဘယ်ဘက်မှာ ကိုယ့်ပုံကိုတင်လိုက်ပြီးညာဖက်မှာ ကိုယ့်ရဲ့အရည်အသွေးတွေကိုပြလိုက်တာနဲ့အဆင်ပြေမယ်လို့ထင်တယ်ဆိုရင်တော့ ဒါလေးကိုသုံးသင့်ပါတယ်။ ကျွန်တော်လည်း နှစ်သက်မိပါတယ်။

WV Portfolio

သူ့ပုံစံဒီဇိုင်းလေးအရနဲ့တင် အဆင်ပြေလောက်မယ်ထင်ပါတယ်။ အကောင်းဆုံးကတော့ Marketing သမားတွေ၊ သို့တည်းမဟုတ် Management ပိုင်းတွေ သုံးမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။

Perfect Portfolio

ရိုးရိုးလေးပါပဲ။ ဓာတ်ပုံ ဆရာတွေအတွက် ပိုပြီးတော့ အသုံးဝင်နိုင်မယ့်အနေအထားပါ။ အရှင်းဆုံးနဲ့ အကောင်းဆုံးလိုချင်တယ်ဆိုရင်တော့ အခမဲ့ထဲမှာဆို ကျွန်တော်တော့ ဒါမျိုးကိုပဲရွေးလိုက်မှာပါပဲ။

Business Portfolio

ထားချင်တာကတော့ လုပ်ငန်းပိုင်းအတွက်ပဲကောင်းပါလိမ့်မယ်။ သို့ပေတည့် တစ်ကိုယ်ရည် တကာယအတွက်လည်း စာပြောင်းပြီး ဒီဇိုင်းပြောင်းလိုက်ရင်တော့ အကောင်းဆုံးပုံစံတစ်ခုထွက်လာမှာပဲမဟုတ်ဘူးလား။

Nikko Portfolio

ဓာတ်ပုံလေးတွေကို အခန်းဆက်လိုက်ကလေးတွေ သိမ်းထားချင်တယ်ဆိုရင်တော့ Nikko Portfolio လေးက အကောင်းအတိုင်းဖြစ်မှာပါပဲ။ မော်ဒယ်တွေအတွက်လည်းကောင်းတယ်ဗျ.. အလှပုံလေးတွေ သိမ်းထားလို့ရတာပေါ့နော်။

 

Leave a Reply