ဝဘ်ဆိုက် လေးလာပြီလား

Reading Time: 1 minute

ဝဘ်ဆိုက်ဟာ အချိန်တိုင်းမှာ လေးကန်သွားနိုင်ပါတယ်။ အထူးသဖြင့် wordpress လိုမျိုး၊ Joomla လိုမျိုးကို သုံးထားတယ်ဆိုရင် အခန့်မသင့်လိုက်တာနဲ့ တမ်းပြီးတော့ လေးကန်သွားနိုင်ပါတယ်။ အဲဒီလိုလေးကန်တာမျိုးဆိုရင် ကိုယ်မသိလိုက်တဲ့အချိန်မှာ လေးသွားတဲ့အတွက်ကြောင့် ကိုယ်သိလိုက်တဲ့အချိန်မှာ နောက်ကျသွားနိုင်ပါတယ်။ သာမန်ဝင်ရောက်ကြည့်ရှု့သူတစ်ယောက်ဟာ ဆိုက်တစ်ခုကို အချိန် ၃ စက္ကန့်ထက် ပိုပြီးတော့စောင့်ရမယ်ဆိုရင် ဘယ်လိုမှ စိတ်ရှည်နိုင်မှာမဟုတ်ပါဘူး။

ဆိုက်လေးတယ်ဆိုတာဘာလဲ

ဆိုက်လေးတယ်ဆိုတာက ဆိုက်ကိုဝင်ကြည့်ရင် အချိန်အရမ်းကြာတာကိုပြောတာပါ။ ဥပမာ – ကျွန်တော်တို့ Lovely Family Blog ကိုဝင်ကြည့်တဲ့အချိန်မှာ ဆိုက်တက်ချိန်က ၃ စက္ကန့်ထက်ပိုကြာနေပြီဆိုရင် ဆိုက်လေးတယ်လို့ခေါ်ပါတယ်။

ဆိုက်မှာ စာပေါင်း ၁၀၀ လောက်ရှိလို့ ဖတ်ရတာများတာကို ဆိုက်လေးတယ်လို့မခေါ်ပါဘူး။ အချက်အလက်များတယ်လို့ခေါ်ပါတယ်။ ဆိုက်လေးတယ်ဆိုတာနဲ့မတူပါဘူး။

ဆိုက်လေးလာတဲ့ အဓိကအချက်တွေကို အောက်ပါအတိုင်းစဉ်လိုက်ကြရအောင်။

ဆိုက်ဘာကြောင့်လေးတာလဲ။

ဆိုက်လေးစေတဲ့အကြောင်းအရင်းကို စပြောလိုက်ကြရအောင်။ ဆိုက်လေးစရာအကြောင်းအရင်းက ၃ ချက်ရှိပါတယ်။

  1. Server မကောင်းတာ
  2. ဆိုက်မကောင်းတာ
  3. လိုင်းနှေးတာ

ပထမဆုံး Server မကောင်းတဲ့အကြောင်းကိုတစ်ချက်ပြောပါရစေ။ ဆာဗာမှာအသုံးပြုတဲ့လိုင်းက မကောင်းတာပဲဖြစ်ဖြစ် သို့တည်းမဟုတ် configuration မကောင်းလို့ပဲဖြစ်ဖြစ် ဆိုက်ကလေးလံတတ်ပါတယ်။ အဲဒီအတွက်ကြောင့် ဆိုက်က လိုင်းကောင်းရဲ့လားဆိုတာထက် Server မကောင်းလို့ဖြစ်နိုင်ချေက ပိုများပါတယ်။

တကယ်လို့များ ဆာဗာကောင်းမကောင်းစမ်းချင်ရင် ဆာဗာမှာ ပေါ့ပေါ့ပါးပါး script တစ်ခုတင်ပြီးတော့စမ်းလို့ရပါတယ်။ အဲဒီလိုစမ်းလိုက်လို့ script က ကောင်းကောင်း run နေတယ်ဆိုရင်တော့ ဆာဗာနဲ့မဆိုင်တော့ပဲ ဆိုက်မကောင်းတာဖြစ်နိုင်ချေအရမ်းများသွားပါပြီ။

ပေါ့ပေါ့ပါးပါး script မျိုး ကိုပဲဖြစ်ဖြစ် များတာကိုပဲဖြစ်ဖြစ် စမ်းကြည့်ချင်တယ်ဆိုရင် အောက်ပါအချက်အလက်တွေကိုကြည့်ဖို့လိုအပ်ပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ ဆိုက်ပြန်လာချိန်ဟာ ၂ စက္ကန့်ထက်မပိုတာကောင်းပါတယ်။ chrome မှာ အဝိုင်းလည်တာ နည်းလေ ပိုကောင်းလေပါပဲ။ (Technical ပိုင်းဆိုင်ရာအရဆိုရင် TTFB ကိုစစ်လိုက်တာအသေချာဆုံးပါပဲ။)

အကယ်၍ စစ်လိုက်လို့မြန်နေပြီး လိုင်းမကောင်းတာဆိုရင်တော့ Hosting ဘက်ကိုပြောပြီးတော့ ဆိုက်ကို အချိန်အဆမြင့်တင်ခိုင်းနိုင်ပါတယ်။ မရရင်တော့လည်း တခြားကောင်းတာကိုပြောင်းလိုက်ပါတော့။ TTFB က ၁ စက္ကန့်ကနေ ၂ စက္ကန့်လောက်အထိကောင်းပါတယ်။

အဲဒီအတွင်းမှာလည်းရှိနေတယ်။ ဒါပေမယ့်ဆိုက်က လေးနေတယ်ဆိုရင်တော့ တခြားစဉ်းစားစရာတွေရှိလာပါပြီ။

ဆိုက်က စာမျက်နှာတက်တာလေးလာတယ်ဆိုရင်ပထမဆုံးစပြီးလုပ်သင့်တာက Cache ကို ထည့်လိုက်တာပါပဲ။ Cache ဆိုတဲ့အကြောင်းကို အသေးစိတ် ထပ်ရေးပေးပါဦးမယ်။ Cache ထည့်လိုက်တာက ဆိုက်ကို ပိုမြန်သွားစေပြီး မလိုအပ်ပဲ PHP ဖိုင်တွေ မနားတမ်းပြန်ဖတ်ရတဲ့ကိစ္စတွေကို ကင်းဝေးစေပါတယ်။

အဲဒီမှာထပ်ကြည့်သင့်ပါတယ်။ Cache ခံလိုက်ရင်ရော ဆိုက်က တကယ်မြန်လာရဲ့လား။

ဆိုက်က အဲဒါကိုတောင်မှလေးနေတယ်ဆိုရင် ဆိုက်ကို နောက်တစ်ချက်ထပ်ပြီးတော့ကြည့်သင့်တာက Plugin တွေရော သေချာအလုပ်လုပ်ရဲ့လားဆိုတာပါပဲ။ အချို့သော plugins တွေက ကိုယ့်ဆိုက်ကို အရမ်းကို လေးကန်သွားစေနိုင်တဲ့အတွက်ကြောင့် ဂရုစိုက်ပြီးတော့ ကြည့်သင့်ပါတယ်။ အကောင်းဆုံးနည်းလမ်းက plugins တွေကို တစ်ခုပြီးတစ်ခု Deactivate လုပ်ပြီးတော့ ဆိုက်ကို refresh လုပ်သင့်တာပါပဲ။ အဲဒီမှာ ဆိုက်မြန်သွားတယ်ဆိုရင်တော့ ဆိုက်မြန်ပါပြီ။

နောက်ဆုံးတစ်ချက်ဖြစ်တဲ့ Connection Stability ဆိုတာကတော့ သုံးတဲ့သူဖက်မှာရှိတဲ့ပြဿနာပါ။ ကိုယ့်ဆိုက်ကို ဝင်ပြင်နေတဲ့အချိန်မှာ လိုင်းရော ကောင်းရဲ့လားဆိုတာကို တစ်ခါတစ်လေလည်းစမ်းသပ်ပါဦး။ ကိုယ့်လိုင်းမကောင်းရင် ဘယ်လိုင်းမှ မကယ်တင်နိုင်တာမို့လို့ ကိုယ့်ဆိုက်ကို ကိုယ်တိုင်ကောင်းအောင်မပြုပြင်ခင်မှာ ကိုယ့်လိုင်းကိုလည်းအရင်ကောင်းအောင် လုပ်ထားနိုင်ပါမှ အဆင်ပြေမှာပါ။

အထက်ဖော်ပြပါ အကြောင်းအရာများအပြင် ကိုယ်တိုင်လုပ်ကြည့်လို့ စိတ်တိုင်းမကျဘူးဆိုရင်တော့ Lovely Family Host မှာ ထားကြည့်ပြီး စိတ်ကြိုက်စမ်းကြည့်ဖို့ပြောလိုက်ပါရစေ။