WordPress Admin Panel အကြောင်း

Reading Time: 1 minute

WordPress ဟာ ကမ္ဘာပေါ်မှာရှိတဲ့ Website အားလုံးရဲ့ ၃ပုံ ၁ပုံကို ယူထားတာဆိုတော့ လုပ်ငန်းတော်တော်များများမှာလည်း အလွန်တစ်ရာကိုအရေးပါ အရာရောက်တယ်ဆိုပါတော့။ အဲဒီအတွက်ကြောင့် WordPress ကိုနောက်ကျောဘက်ခြမ်းကနေ ဘယ်လို manage လုပ်မလဲဆိုတာလေးကို တင်ဆက်ပေးဖို့စိတ်ကူးရလိုက်ပါတယ်။ အဲဒီတော့ အမြည်းအနေနဲ့ WordPress ရဲ့ နောက်ခြမ်းဖြစ်တဲ့ Admin Panel ဘက်အပိုင်းကို စတင်လေ့လာလိုက်ကြရအောင်။

wordpress admin panel ကိုများသောအားဖြင့် domainname.com/admin ဆိုပြီးဝင်လိုက်ရင် ရတာများပါတယ်။​ ကိုယ်တိုင်လည်းပြင်ဆင်လို့ရနိုင်ပေမယ့်များသောအားဖြင့်တော့ ဒီလမ်းကြောင်းကနေပဲ ဝင်ရောက်တာများပါတယ်။

အဲဒီမှာ ခေါင်းစဉ်ပုံမှာ ပြထားတဲ့အတိုင်းလိုက်အစဉ်လိုက်အရင်ဆုံးပြောလိုက်ပါရစေ။

ပထမဆုံးအရာက Dashboard ပါ မြင်နေရတာလည်း Dashboard ကပြနေတာဖြစ်ပါတယ်။ ကိုယ့်ဆိုက်မှာ လုပ်သင့်တာ လုပ်ချင်တာ Site ကနေ သတင်းပေးချင်တာအားလုံးက Dashboard ထဲမှာပဲပါနေတာဖြစ်ပါတယ်။

Posts

Posts ဆိုတဲ့အမျိုးအစားကတော့ ဆိုက်တစ်ခုမှာ အသစ်တင်ချင်တိုင်းတင်လို့ရတာကို post လို့ခေါ်ပါတယ်။ Post မှာကိုယ်တင်ချင်တဲ့ Blog အမျိုးအစား စာစုတွေကို တစ်စုတစ်စည်းထဲတင်ထားလို့ရပါတယ်။

ရေးလို့အကောင်းဆုံးကိုပြောရင်တော့ Post အမျိုးအစားအောက်ထဲမှာ အခုလိုမျိုး စာတွေတင်တာအတွက်သိပ်ကောင်းပါတယ်။

Media

Media  ဆိုတာက ကိုယ်တင်ချင်တဲ့ ဓာတ်ပုံတွေကို တစ်စုတစ်စည်းထဲစုဆောင်းထားတဲ့နေရာလည်းဖြစ်ပါတယ်။ စုဆောင်းထားလိုက်ပြီးတော့ ပြင်ချင်တယ် ဖျက်ချင်တယ်ဆိုရင် Media ကိုအသုံးပြုပြီးတော့ဖျက်နိုင်ပါတယ်။

Media ကများသောအားဖြင့် post တွေတင်လို့ ပုံ ၂ခါ ထပ်သွားတယ်။ မှားတင်လိုက်တယ်ဆိုရင် အဲဒါမျိုးလုပ်လိုက်လို့ကောင်းပါတယ်။

Pages

Post နဲ့ Pages က တူသယောင်နဲ့ မတူပါဘူး။ Post က အဆက်မပြတ် အသစ်တင်ချင်တဲ့ နေရာမှာသုံးပါတယ်။ ဥပမာ- Blog, News, Announcement တွေမှာသုံးပါတယ်။ WordPress မှာ Slug ပေးထားတဲ့အတွက်ကြောင့်လည်းသုံးလို့ရပါတယ်။ အဲဒီတော့ဆိုက်တစ်ခုမှာ incremental အချက်အလက်ကိုပေးချင်တယ်ဆိုရင် Post ကိုသုံးတာကောင်းပါတယ်။ အကယ်၍ တိတိပပ အချိန်ကြာကြာ တင်ထားရမယ့်အရာမျိုးဆိုရင်တော့ Page ကိုသုံးတာပိုကောင်းပါတယ်။

Comments

ကိုယ့်ဆိုက်မှာ စာဖတ်သူတွေက ကိုယ့်ထင်မြင်ချက်ကို ပြန်ပေးလို့ရပါတယ်။ အဲဒါက FB မပေါ်ခင်ကတည်းက ရှိနေတာပါ။ အဲဒီအတွက်ကြောင့်ကိုယ့်ဆိုက်မှာစာတွေကို ထင်မြင်ချက်ပေးတာခံချင်တယ်ဆိုရင်တော့ ဒါကို သုံးကို သုံးသင့်ပါတယ်လေ။

Appearance

ရုပ်ထွက်ကောင်းဖို့လိုတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ အဲဒီအတွက်ကြောင့် ရုပ်ထွက်ပိုကောင်းချင်တယ်ဆိုရင် Appearance က သုံးဖို့လိုကိုလိုအပ်ပါတယ်။ ဒီဇိုင်းတစ်ခုကို Logo ပြောင်းချင်တာ အရောင်ပြောင်းချင်တာမျိုးကို လုပ်ချင်တယ်ဆိုရင် Appearance ထဲမှာသွားပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်နိုင်ပါတယ်။

Plugins

WordPress ဟာ ထပ်တိုးလုပ်ဆောင်ချက်တွေ အတော်များများကို လုပ်ဆောင်နိုင်တယ်ဆိုတာ အံ့ဩဖွယ်ရာမရှိပါဘူး။ ထပ်တိုးလုပ်ဆောင်ချက်တွေကို ကိုယ်တိုင်သွင်းမယ်ဆိုရင် Plugin ထဲမှာသွားသွင်းလိုက်ရုံနဲ့ ကိုယ့်စိတ်တိုင်းကျ လုပ်ဆောင်ချက်တွေကိုလည်း ရရှိနိုင်မှာပါ။

User

ကိုယ့်ဆိုက်ကိုသုံးမယ့် စာတင်မယ့်သူတွေကို အခန်းကန့်ထားလိုက်လို့ရပါတယ်။ ကိုယ်က အမြင့်ဆုံးလုပ်ကိုင်ခွင့်တွေကို တချို့ကို မပေးချင်ဘူး တစ်ချို့ကိုတော့ပေးမယ်ဆိုရင်တော့ User က ဆရာတစ်ဆူပါပဲ။

Tools

Tools မှာက ကိုယ့်ဆိုက်ကို Backup လုပ်ချင်တာ restore လုပ်ချင်တာမျိုးဆိုရင် အသုံးတည့်ပါတယ်။​အသုံးတည့်ပေမယ့် အသုံးနည်းတဲ့အရာတစ်ခုပါ။

Settings

ချိန်ညှိဖို့အတွက် Settings ကိုသုံးရပါလိမ့်မယ်။​ ဆိုက်မှာ လူတွေ စာလာဖတ်ရင် ဘယ်လိုဖတ်ရမယ်။ Post တွေကို ဘယ်လိုပြမယ်ဆိုတာမျိုးရယ်။ စာရေးရင် ရက်စွဲကို ဘယ်ပုံဘယ်နည်းမှတ်မယ်ဆိုတာမျိုးကို Setting မှာပဲလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် အသုံးများပါတယ်။

အဲဒါဆိုရင် wordpress ဆိုက်တစ်ခုမှာလိုအပ်တာတွေကိုတစ်ချက်ကြည့်လိုက်ပြီးနောက်ထပ် အသေးစိတ်ကိုဆက်ပြီးပြောပြပါတော့မယ်။ ဖတ်ချင်ရင် WordPress စီးရီးမှာ ဖတ်ကြည့်လို့ရပါတယ်ခင်ဗျာ။

One Reply to “WordPress Admin Panel အကြောင်း”

Comments are closed.