WordPress Admin Panel အကြောင်း (၂)

Reading Time: 1 minute

Admin Panel မှာဘာတွေပါတယ်ဆိုတာကို WordPress Admin Panel အကြောင်း မှာဖော်ပြထားပြီးဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာဖတ်လိုက်ရင် ဘာကိုဆိုလိုတယ်ဆိုတာကို သဘောပေါက်လောက်ပါတယ်။ ဒီအပိုင်းမှာတော့ Dashboard မှာဘာတွေပါတတ်သလဲဆိုတာကို ဂဃနဏ သိအောင်တင်ပေးပါ့မယ်။

Dashboard မှာကြည့်လိုက်မယ်ဆိုရင် နောက်ဆုံးရ သတင်းတွေအားလုံးက Dashboard ပေါ်ကို ရောက်လာမှာပါ။ ကိုယ့်ဆိုက်မှာ ဘာတွေ အသစ်ထပ်ထည့်လိုရတယ်။ ဘာတွေတော့ပြင်ရတော့မယ်ဆိုတာတွေကို အချိန်ကိုက်တက်လာမှာပါ။ အခုပုံမှာဆိုရင်လည်း အသစ်ထွက်လာမယ့်  editor ကိုသုံးမှာလား၊ ကိုယ်သုံးနေကျ Editor အဟောင်းကိုသုံးမှာလားဆိုတာကို တစ်ချိန်တည်းမှာမြင်ရမှာဖြစ်ပါတယ်။

အဲဒီနောက်မှာ wordpress ဆိုက်တစ်ခုလုံးမှာ post ဘယ်နှခုရှိသွားပြီ။ ကိုယ်တင်ထားတာကဘာတွေ ဘာထပ်ထည့်လိုက်လို့ရတယ်။​ ရောင်းမယ့်ပစ္စည်းက ဘယ်နှခုဆိုတာမျိုး အော်ဒါဘယ်လောက်တက်နေပြီဆိုတာကိုမြင်သာပါတယ်။

အဲဒီမှာကိုယ်ပြင်စရာရှိတာကိုတိုက်ရိုက်ပြင်လိုက်လို့ရပါတယ်။ အားလုံးရဲ့အချုပ်ပေါ်တာပေါ့ဗျာ။

At A Glance

At A Glance ဆိုတာ ကိုယ့်ဆိုက်ရဲ့အနှစ်ချုပ်ကို ဖော်ပြပေးတဲ့နေရာဖြစ်ပါတယ်။ ဆိုက်မှာ post တင်ထားတာက ဘယ်နှခု၊ စာရေးထားတာကတော့ ဘယ်နှခုဆိုတာကို တိုက်ရိုက်မြင်ရနိုင်မယ့်နေရာတစ်ခုဖြစ်ပါတယ်။

Quick Draft

ညာဖက်ခြမ်းကိုကြည့်လိုက်မယ်ဆိုရင်တော့ Quick Draft ကိုမြင်လိုက်ရမှာဖြစ်ပါတယ်။ Quick Draft ဟာ ကိုယ့်စိတ်ထဲမှာ ခေါင်းထဲပေါ်လာလိုက်တာလေးကို ချက်ခြင်းအကြမ်းမှတ်ထားဖို့အတွက် အရမ်းကို အဆင်ပြေပါတယ်။​ ကျွန်တော်ကိုယ်တိုင်လည်း အကြမ်းမှတ်ရတော့မယ်ဆိုရင် အဲဒါလေးကို အမြဲတမ်းသုံးပါတယ်။

Activity

နောက်ဆုံး ဘယ်သူက ဘာလုပ်သွားတယ်။ ဘယ်သူက comment ပေးသွားတယ်ဆိုတာကို ထင်သာမြင်သာရှိစေတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးမှာ comment ပေးသွားတာက ဘာဆိုတာကိုလည်း သိနိုင်တဲ့အတွက်ကြောင့် ဆိုက်မှာ နောက်ဆုံးဖြစ် သတင်းတွေကို မလွတ်တမ်းရနိုင်မယ့်နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။

WordPress Events and News

WordPress Softwares နဲ့ပတ်သက်ပြီးတော့ နောက်ဆုံးလုပ်တဲ့ပွဲတွေအကြောင်းနဲ့ နောက်ဆုံး စက်ရပ်သတင်းတွေကို wordpress က တစ်ချိန်တည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ သိပ်အရေးမကြီးပေမယ့် ကိုယ့်ဆိုက်အတွက် ဘာက ပိုကောင်းတယ်ဆိုတာကို သိချင်တယ်ဆိုရင်တော့ အဲဒါလေးကလည်း ဖတ်ချင်စရာလေးပါပဲ။