အွန်လိုင်းစတိုး တစ်ခုထောင်တော့မယ်ဆိုရင် သိထားသင့်တဲ့ လိုအပ်ချက်များ

Reading Time: 1 minute

ကိုယ်ပိုင်အွန်လိုင်းစတိုးထောင်တယ်ဆိုတာ ဒီနေ့မှာ လူတိုင်းအတွက် လွယ်လင့်တစ်ကူဖြစ်လာတယ်ဆိုတာကို လက်ခံတယ်မဟုတ်လား။ ဖေ့ဘုတ်မှာ Page လေးထောင်လိုက်၊ ပြီးတာနဲ့ ကိုယ်တင်ချင်တဲ့ ပစ္စည်းတွေကို တင်ရောင်းပြီး boost လုပ်လိုက်တာနဲ့တောင် ကိုယ်ပိုင်စပြီးရောင်းလို့ရနေပြီကိုး။ ဒါပေမယ့် တစ်ခု သတိပြုသင့်တာက ကိုယ့် အွန်လိုင်းစတိုးဟာ ဒီအတိုင်းပေါ်ပင်ရောင်းချင်တာလား၊ ဒါမှမဟုတ် ရည်ရှည်အတွက်ကို တွေးထားပြီလားဆိုတာက သင့်ရဲ့ လုပ်ငန်းကို တခြားသူတွေထက် ပိုပြီးတော့ ရှေ့တန်းကိုရောက်စေမှာပါ။ Continue reading “အွန်လိုင်းစတိုး တစ်ခုထောင်တော့မယ်ဆိုရင် သိထားသင့်တဲ့ လိုအပ်ချက်များ”

အလွယ် website ရေးဖို့အကောင်းဆုံး tools များ

Reading Time: 1 minute

ခေတ်ပြောင်းတဲ့အချိန်ကိုရောက်လာပြီဆိုတော့ ဟိုးအရင်တုန်းကလိုမျိုးလည်းစာရေးစရာရှာရတာ မခက်တော့ဘူးလေ။ ဟိုအရင်တုန်းကဆို စာရေးဖို့အတွက် စာအုပ်တွေဝယ်၊ စာရွက်တွေဝယ်၊ မရှိရင် မီးသွေးနဲ့ကြုံတဲ့နေရာ လိုက်ရေးတဲ့အကျင့်လည်းရှိသေးတယ်။ အဲဒီလိုရေးလိုက် ဖျက်လိုက်နဲ့ နောက်ဆုံး စာတစ်ကြောင်းရေးဖို့တောင် အလုပ်အတော်ရှုပ်သကိုး။ Continue reading “အလွယ် website ရေးဖို့အကောင်းဆုံး tools များ”

ကိုယ်ပိုင်ဝဘ်ဆိုက်ကို ကိုယ်တိုင်အသေသတ်နည်း

Reading Time: < 1 minute

ကျွန်တော်တို့ရွှေပြည်ကြီးမှာ အကြီးမားဆုံးပြဿနာတော်ကြီးက ဝဘ်ဆိုက်ထောင်ချင်တော်မူပြီး ဘာလုပ်တော်မူချင်မှန်းမသိတာပဲ။ ကျွန်တော်တို့လည်းဘာလုပ်ချင်မှန်းမသိပါဘူး။ ဒါပေမယ့်လုပ်ငန်းက သင်ပေးသွားတာပါပဲ။ ထိုနည်းတူ ဆိုက်တင်တဲ့ ကျွန်တော်တို့ ကိုယ်တော်ကြီးများကလည်း ဆိုက်ကို တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါနဲ့ ဂျင်းထည့်လိုက်တဲ့အချိန်မှာ ဖုန်တက်နေတဲ့ဆိုက်ကလေးတွေကို အတိုင်းသားမြင်လိုက်ရရောပေါ့။ အဲဒီတော့ ဝယ်သူတွေလည်း ခဲမှန်ဘူးတဲ့စာသူငယ်လိုပဲ ဆိုက်ထောင်ဆိုလို့သာ ဆိုက်ထောင်လိုက်တယ်။ အရောင်းလည်းတက်မလာဘူး။ အဝယ်လည်းတက်မလာဘူးဆိုပဲ။ ဘယ်တက်မလဲ။ ဖုန်တောင်မသုတ်တာကိုး။ လူဝင်ချင်မှာလား။ ကျွန်တော်တို့ကိုယ်တိုင်တောင် တစ်ရက်တစ်ခါမဝင်တဲ့ဆိုက်ကို သူများတွေ တစ်နှစ်တစ်ခါမဝင်တာ ဒီဗလော့ပါ မကောင်းလို့လား။ ဆာဗာမကောင်းလို့လား။ စဥ်းစားကြည့်စေဖို့ ဒီစာလေးကို ရေးလိုက်ပါတယ်။ Continue reading “ကိုယ်ပိုင်ဝဘ်ဆိုက်ကို ကိုယ်တိုင်အသေသတ်နည်း”

Email ဆိုတာဘာလဲ

Reading Time: 1 minute

လူတိုင်းမေးနေကြတာ Email ဆိုတာဘာလဲတဲ့…

email ဆိုတာ လူတိုင်းသုံးနေကြတဲ့ စနစ်တစ်ခုတော့ဖြစ်သွားပါပြီ။ သို့ပေတည့် လူတိုင်းနဲ့အကျွမ်းတဝင်ရှိနိုင်တယ်လို့ မှတ်ယူနိုင်သော်ငြား တော်တော်များများက Email ဆိုရင် ချိုနဲ့လားဆိုတာမျိုးဖြစ်နေကြတာများတော့ ဒီတစ်ခါတော့ Email ဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်နဲ့ စာလေးတင်ပေးလိုက်ပါတယ်။

Continue reading “Email ဆိုတာဘာလဲ”

Domain တစ်ခုဘယ်လိုရွေးမလဲ

Reading Time: 1 minute

လူ တိုင်း ဒို မိန်း ဝယ် ခါ နီး မှာ အ ကျပ် အ ရိုက် ဆုံး က တော့ ဒို မိန်း နာ မည် ရွေး နည်း ပါ။ ကိုယ် ပိုင် လုပ် ငန်းလုပ် မယ် ဆို တော့ လုပ် ငန်း နာ မည် ကို လည်း ရွေး တော့ ထား ပြီး သား အွန် လိုင်း မှာ လည်း ရှင်း တယ် ဆို တာ ကို တော့ သိ တယ်။ ဒါ ပေ မယ့် ဘယ် လို နာ မည် ပေး ရ ကောင်း မှန်း လည်း မ သိ ဘူး လို လည်း လို ချင်တယ် ဆို သူ များ အ တွက် ဒါ လေး က အ ဆင် ပြေ နိုင် လောက် မယ် ထင် ပါ တယ်။ Continue reading “Domain တစ်ခုဘယ်လိုရွေးမလဲ”

Zawgyi – Unicode ဘာသုံးမလဲ

Reading Time: 1 minute

ကျွန်တော်တို့ကတော့ ဘောက်ချာစုတ်တာကို ဝါသနာ မပါပေမယ့် ဘယ်လိုလုပ်ရင် ကိုယ့်ဆိုက်ကို အဆင်ပြေအောင်လုပ်ဖို့ဆိုရင် ဘာသုံးမလဲဆိုတာတော့ စဉ်းစားစရာလိုပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်တော်တော်များများ မြန်မာဘာသာစကားကို ရွေးချယ်မယ်ဆိုရင် ဇော်ဂျီ ယူနီကုဒ်ပြဿနာကို ရင်ဆိုင်ဘူးကြပါလိမ့်မယ်။

ဘာကိုသုံးပါ။ ဘာကောင်းပါဆိုတာကို မပြောပါဘူး။ ဘာ့ကြောင့် ဇော်ဂျီ၊ ဘာအတွက် ယူနီကုဒ်ဆိုတာကိုတော့အနည်းဆုံးပြောပြပါမယ်။

ဇော်ဂျီ

အားသာချက်။   ။ လက်ကွက်အဆင်ပြေတယ်။ လူတော်တော်များများဖတ်နိုင်တယ်။ ဖုန်းတွေမှာ တိုက်ရိုက်ကြည့်လို့ရတယ်။ ဖေ့ဘုတ်မှာတင်ထားရင်လည်း တမ်းဖတ်လို့ရတယ်။ အဆင်ပြေနေတာပဲ။

အားနည်းချက်။   ။ တကမ္ဘာလုံးက စက်တွေမှာ သိခြားပြင်ဆင်ထားမှုမရှိရင် ဖတ်လို့မရဘူး။ (နောက်ပိုင်းတော့ ထည့်ပေးထားတယ်ပြောတယ်)။ စက်နိမ့်နိမ့်မြင့်မြင့် ပြင်ရဆင်ရတာတွေရှိတယ်။ မလိုအပ်ပဲ အလုပ်လုပ်ရတာတွေရှိတယ်။ ကုဒ်တွေ မတည့်ဘူး။ စာလုံးမမှန်ဘူး။

ယူနီကုဒ်

အားသာချက်။  ။ အချက်အလက်စီတာမြန်တယ်။ လက်ကွက်ကျုံ့သွားတယ်။ တကမ္ဘာလုံးကြည့်လို့ရတယ်။ စာလည်းမှန်တယ်။ သိမ်းဆည်းမှုပိုင်းမှာကောင်းတယ်။

အားနည်းချက်။  ။ စဆရကတွေများတယ်။ ဇော်ဂျီသမားတွေဖတ်လို့မရဘူး။

အဲဒီလောက်ဆိုရင်တော့ လုံလောက်ပြီထင်ပါတယ်။

 

အဓိကက တိုက်ပွဲဝင်ရအောင် ကိုယ်ဟာ စစ်သူကြီး ဗန္ဓုလမဟုတ်သလို ကိုယ်စားရန်ဖြစ်ပေးရအောင် ကျွန်တော့် အဖေ တီထွင်ဖန်တီးထားတဲ့ အရာလည်းမဟုတ်ဘူးလေ။ Tool တစ်ခုကို Tool လိုပဲ သဘောထားလိုက်ရအောင်။

ဒါနဲ့ ကျွန်တော့်ဆိုက်မှာ ယူနီကုဒ်ထားပါတယ်။ ဘာမှမဟုတ်ပါဘူး။ ကြိုက်လို့ပါ။ အရင်က ဇော်ဂျီကို ကြိုက်ပါတယ်။ အခုတော့ ယူနီကုဒ်ကြိုက်ပါတယ်။ ဘာကြောင့်မှမဟုတ်ပါဘူး။ အကြိုက်ပြောင်းသွားလို့ပါ။

လက်ကွက်ကတော့ ဘိမ်မသာ လိမ်မသာ ဆိုတော့ သိပ်မကွာပါဘူး။ သိမ်းဆည်းတာကလည်း ကျွန်တော်လုပ်တာမဟုတ်။ သူတို့ဟာသူတို့လုပ်တာ ကျွန်တော်နဲ့မဆိုင်ဘူးလေ။ အဲဒီတော့ အဲဒါတွေက အဓိကမဟုတ်ပါဘူး။

စာလုံးအလှများတာတော့ ယူနီကုဒ်က များပါတယ်။ ဧရာလက်ကွက်လည်း စိတ်ပါရင်သုံးတဲ့ ကျွန်တော့်အတွက်တော့ အခက်အခဲ တစ်စုံတစ်ရာမရှိလှပါ။

ဇော်ဂျီကတော့ ဖုန်းတိုင်းမှာ နောက်ပိုင်းထည့်ပေးထားကြသလို လိုချင်တဲ့သူများအတွက် Windows မှာလည်း ပါလာပြီဆိုပဲ။

အဲဒီတော့ ယူနီကုဒ်ကို ဘယ်လိုရိုက်ရမလဲဆိုတာတော့ စဉ်းစားလာပြီလေ.. ရိုက်တာထက် ကိုယ့်ဆိုက်ကို လူတိုင်းဘယ်လိုဖတ်မလဲပေါ့။

ပြနည်းအစုံ နည်းအဖုံဖုံ

ပထမဆုံးနည်းကတော့ ယူနီကုဒ်နဲ့ တမ်းရိုက်တာပါပဲ။ ယူနီနဲ့တမ်းရိုက်ပြီး တမ်းပြတာကိုပဲလုပ်ပါတယ်။ burmese.dvb.no မှာ ယူနီကုဒ်နဲ့ရေးပြီး ဇော်ဂျီနဲ့ပြတာပါပဲ။ အဲဒါကို သိပ်မကြိုက်။ အလုပ်ရှုပ်တယ်ထင်မိပါတယ်။ ကျွန်တော်က အပင်ပန်းခံနိုင်မှုနဲ့ လူတွေအဆင်ပြေမှုကိုလိုလားတော့ ယူနီကုဒ်ကို တမ်းပြပါတယ်။

အဲဒီမှာ ဖောင့်အခက်အခဲရှိသူများကတော့ google fonts ကိုသုံးပြီးတော့ ပြလို့ရပါတယ်။ အဲဒီမှာ ဖောင့်တွေထည့်ထားလိုက်မယ်ဆိုရင် ကိုယ်ပြချင်တဲ့ဖောင့်ကို ရွေးပြလိုက်ရုံပါပဲ။ အဆင်ပြေပါတယ်။

အဲဒီတော့ Website မှာတော့အဆင်ပြေသွားပါပြီ။ mobile မှာရော ဆိုတော့. mobile အတွက် ကျွန်တော်တို့ဆိုက်က အဆင်ပြေပါတယ်​။ ဖတ်ရ အဆင်မပြေသူတွေအတွက် Mobile app ကိုလည်းထုတ်ပေးထားလိုက်ပါတယ်။ အဆင်ပြေသွားတာပါပဲ။

တတိယနည်းကတော့ ခေါင်းကိုက်လိုက်ပါတယ်။ instant articles ထဲမှာပါ။ အဲဒါကတော့ converter တစ်ခုကို သုံးလိုက်ပါတယ်။ ပြီးတော့ သွားပြင်ပြီး အဲဒီမှာ ဇော်ဂျီအနေနဲ့ထားလိုက်ပါတယ်။ ဒါမှရမှာကိုး။

အဲဒီတော့ ကိုယ်လုပ်ချင်တာလုပ်ပါ။ ကြည့်ချင်တဲ့သူက ကြည့်မှာပါပဲ။ ကိုယ်ဟာကိုယ် ဘာနဲ့ရေးရေး မကောင်းလို့ ညောင်းသွားခဲ့တဲ့ သာဓကလည်းရှိတော့ စိတ်ချမ်းသာသလိုသာနေပါလို့။

Website အတွက် Live လွှင့်သင့်သလား

Reading Time: 1 minute

ကျွန်တော်အပါအဝင် လူတော်တော်များများက လုပ်ငန်းအတွက် Live တွေလွှင့်တာကို ကြည့်ဘူးကြလိမ့်မယ်ထင်ပါတယ်။ ထိုနည်းတူစွာပဲ ကျွန်တော်လည်း Live ကို အနည်းအများလွှင့်ဘူးပါတယ်။ ဒီနေ့ခေါင်းစဉ်ကိုတော့ Website အတွက် Live လွှင့်သင့်သလားဆိုတာပါပဲ။

Continue reading “Website အတွက် Live လွှင့်သင့်သလား”

ကိုယ်ပိုင် Email နဲ့အခမဲ့ မေးလ် ဘာကိုသုံးသင့်လဲ

Reading Time: 1 minute

ကျွန်တော်အပါအဝင်လူတိုင်းအသုံးပြုနေကြတဲ့ Email တွေဟာ အခမဲ့တွေ အတော်ကိုများပြားပါတယ်။ အထူးသဖြင့် Gmail, Yahoo, Hotmail တို့အပါအဝင် Sailormoon တို့ကိုတောင်သုံးခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒါတွေကို သုံးတဲ့ကောင်းခြင်းဆိုးခြင်းတွေကိုတော့ ကျွန်တော်တို့ များသောအားဖြင့် မသိကြပါဘူး။

မသိတာလည်း ဆန်းလာဆိုရင်တော့လည်း မဆန်းပါဘူး။ ကိုယ့်အနားမှာကြည့်လိုက်တယ်ဆိုရင်တောင် လူတိုင်းက အခမဲ့ရတဲ့ မေးလ်တွေကို လုပ်ငန်းသုံးတောင် သုံးနေကြသေးတာ ဒါများဘာဆန်းလဲဆိုရင်တော့လည်း မဆန်းပါဘူး။ ဒါပေမယ့် ဆန်းတာတစ်ခုကတော့ ကိုယ်လုပ်ငန်းအဆင့်သတ်မှတ်ချက်ဟာ ကိုယ်သုံးတဲ့ Mail ပေါ်မှာမူတည်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ အဲဒီအကြောင်းကို အခု Blog post လေးမှာ ပြောပြလိုက်ပါတယ်။

Continue reading “ကိုယ်ပိုင် Email နဲ့အခမဲ့ မေးလ် ဘာကိုသုံးသင့်လဲ”

Medium ရှိပြီးသူများ Domain နဲ့ တွဲကြမယ်

Reading Time: 1 minute

ကျွန်တော်တို့ ၂၀၁၁ လောက်တုန်းက ဒိုမိန်းကို ဘယ်လိုဝယ်ရမှန်းမသိလို့ ရန်ကုန်မှာ ဒိုမိန်းရောင်းတဲ့နေရာကလည်း ရှားကရှား အလုပ်လည်းမဖြစ်တာနဲ့ အတော်စောင့်လိုက်ရပါတယ်။ နောက်ဆုံး သတင်းစာထဲမှာ ဒိုမိန်းဝယ်ပေးသည်ဆိုတဲ့ ဆိုင်တစ်ဆိုင်ကို လသာလမ်းနားမှာ တွေ့လိုက်လို့ သွားပြီးဝယ်လိုက်ပါတယ်။ (အဲဒီဆိုင်ရဲ့ ကျေးဇူးနဲ့ နောက်ပိုင်းမှာ ကျွန်တော် ဒီလုပ်ငန်းလေးကို စဖြစ်တာပါပဲ။)

Continue reading “Medium ရှိပြီးသူများ Domain နဲ့ တွဲကြမယ်”

ကိုယ်ပိုင် blog ရေးချင်တဲ့သူတိုင်းသိသင့်တဲ့အချက်များ

Reading Time: 1 minute

ကျွန်တော်ကိုယ်တိုင်လည်း blog ကိုရေးတာပါပဲ။ အဲဒါကြောင့်မို့ လူကြီးမင်းတို့လည်း ဒီစာကိုဖတ်နေရတာပေါ့နော်.. မရေးရင်တော့လည်း ဒီစာ ဘယ်လိုလုပ်ထွက်လာတော့မတုန်း။ ထားပါတော့။ အခု ကျွန်တော့်လိုကိုယ်ပိုင် blog ရေးချင်တဲ့ သူတိုင်းသုံးသင့်တဲ့ software တွေကို လမ်းညွှန်လိုက်ပါရစေ။ အဲဒီအထဲမှာ  webapps တွေလည်းပါမှာဖြစ်သလို word processing software လိုမျိုးတွေလည်းပါပါလိမ့်မယ်။

မရေးခင်သိထားသင့်သမျှ

ကိုယ်က  blog ရေးတယ်ဆိုတာ အွန်လိုင်းပေါ်မှာတက်ပြီးတော့ ကိုယ့်ယုံကြည်ချက် ခံစားချက်တွေကို မျှဝေတာဖြစ်ပါတယ်။ လူမှုကွန်ရက်တွေမှာလည်း မျှလို့ရတယ်ဆိုပေမယ့် ကိုယ့်စာကို တန်ဖိုးထားတဲ့သူတိုင်းဟာ ကိုယ်ပိုင် blog ကိုရေးကြပါတယ်။

Blog တစ်ခုမှာ ပါသင့်တာ

ကိုယ်ပိုင် website တစ်ခုမှာ ပါသင့်တာတွေအားလုံးဟာ ကိုယ်ပိုင် blog မှာလည်းပါသင့်ပါတယ်။ ကိုယ်ပိုင် website တစ်ခုမှာပါသင့်တာတွေကို ဒီစာမျက်နှာ မှာ ဖတ်ရှု့နိုင်ပါတယ်။

အဲဒီမှာ blog ပိုင်းလိုအပ်ချက်တွေကို ဒီစာပိုဒ်ကလေးက ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ကြိုငြင်းရမယ့်အချက်ကတော့ ကျွန်တော်ကိုယ်တိုင်လည်း Developer ဖြစ်ပြီး blogging အပိုင်းကို အခုဆိုက်ထောင်ရင်း လေ့လာနေဆဲမို့ လိုက်လံလုပ်ကိုင်လို့ အမှားအယွင်းဖြစ်ရင် တာဝန်မယူပါ။

Blog ဦးတည်ချက်

Blog တိုင်းမှာ ဦးတည်ချက်ရှိဖို့အများကြီးလိုအပ်ပါတယ်။ ကိုယ်ဟာ ဘယ်လိုစာဖတ်သူကိုမျှော်လင့်သလဲဆိုတာကို တိတိပပသိဖို့လိုအပ်ပါတယ်။ မဟုတ်ရင် သင့်ဆိုက်က ပေါ်ပင်ဆိုက်တစ်ခုလိုပါပဲ။ နောက်ပိုင်းကျရင် ဝင်ကြည့်မယ့်သူဟာ တစ်ခြားတစ်ဖက်ကိုလှည့်သွားမှာပါပဲ။

အဲဒီအတွက်ကြောင့် ဆိုက်မှာဦးတည်ချက်ရှိဖို့ အရေးကြီးပါတယ်။ ကျွန်တော့်ဆိုက်မှာလည်း ဦးတည်ချက်တစ်ခုရှိပါတယ်။ အဲဒီဦးတည်ချက်ကြောင့်ပဲ လူကြီးမင်းလည်း ကျွန်တော့်ဆိုက်ကို တစ်ခုတ်တရလာကြည့်ရတာပဲမဟုတ်ပါလား။

Blog Deign နှင့် Layout

Blog Design ဆိုရင်လိုအပ်ပါမလားလို့ မေးပါလိမ့်မယ်။ ဒါပေမယ့် ဒီဇိုင်းမကောင်းရင် လူတိုင်းစာမဖတ်ချင်ပါဘူး။ လူတိုင်းဟာ စာအုပ်မဖတ်ခင် စာအုပ်မျက်နှာဖုံးကိုကြည့်တယ်ဆိုသလိုပါပဲ blog တစ်ခုကိုဖတ်မယ်ဆိုရင်လည်း blog Design ကိုလူတိုင်းကြည့်ပါတယ်။ ကြည့်ရှု့ချင်စရာကောင်းပြီးရှင်းလင်းတဲ့ ဒီဇိုင်းကို လူတိုင်းကြိုက်ပါတယ်။ ဒါပေမယ့် ရှုပ်ရှက်ခပ်နေတဲ့ ဒီဇိုင်းကို ဘယ်သူမှမနှစ်သက်ကြပါဘူး။

Layout ပိုင်းကိုလည်းကြည့်ကြရအောင်။ Layout ဆိုတာက အစီအစဉ်ချထားတဲ့အပိုင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ စာတွေက အစီအစဉ်မကျဘူး။ ကိုယ်ရေးထားတဲ့အခန်းဆက်တွေက ရောက်ချင်တဲ့နေရာကနေ ပြချင်သလိုပြနေတယ်ဆိုရင် စာဖတ်သူမပြောနဲ့ စာရေးသူကိုယ်တိုင်လည်း ဖတ်ချင်စိတ် တော်တော်ကုန်သွားပါတယ်။ အဲဒီအတွက် စီစဉ်တဲ့အပိုင်းမှာလည်းပြင်ဆင်မှုရှိဖို့လိုအပ်ပါလိမ့်မယ်။

အချက်အလက်ပိုင်း

ကိုယ်ဟာ အောင်မြင်ပြီးသား စာရေးဆရာဆိုရင်တော့လည်းတစ်မျိုးပေါ့။ အဲဒီလိုမဟုတ်ပဲ ကျွန်တော်တို့လို ဝါသနာပါလို့ လုပ်ချင်တယ်ဆိုရင်တော့ အချက်အလက်ပိုင်းကိုလည်း အလေးထားဖို့လိုအပ်ပါတယ်။ ကိုယ်ပိုင်အချက်အလက်ကို တင်တာကတော့အကောင်းဆုံးပါပဲ။ နူနူဝဲဝဲ ကိုယ့်အချက်အလက်ကတော့ ကိုယ်ပိုင်ပါတယ်။ အချက်အလက်ကို အလေးထားတယ်ဆိုတာ အသုံးပြုသူတွေကို ဝေဝါးအောင်ပြုလုပ်ထားတဲ့ စာတွေမဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ အစီအစဉ်တကျ ရေးထားတဲ့ စာတွေပါ။ အခန်းဆက်ဆိုရင်လည်း ကျကျနန ရေးထားတာမျိုးဆိုရင်တော့ လူတိုင်းကြိုက်ပါတယ်။

ဖတ်ရှု့ချိန်ဆိုရင်လည်း အနည်းဆုံး ၂မိနစ်စာလောက်တော့ ကြိုးစားရေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ၃ မိနစ်စာလောက်က အကောင်းဆုံးပါပဲ။ ကိုယ့်စာကို ၃ မိနစ်လောက်အချိန်ပေးဖတ်တဲ့ စာဖတ်သူဟာ တော်ရုံစာဖတ်သူမဟုတ်ပါဘူး။ ၁ မိနစ်အောက်ဆိုရင်တော့ စာဖတ်ရတဲ့သူဟာ ဘာမှရမှာလည်းမဟုတ်သလို ဘာပြောချင်မှန်းတောင် မသိလိုက်နိုင်ပါဘူး။ ဒါပေမယ့် ၃ မိနစ်လောက်ဆိုရင်တော့ ကိုယ်စာရေးညံ့ရင်တောင် ခန့်မှန်းလို့ ရလောက်ပြီထင်ပါတယ်။ ၅ မိနစ်လောက်ဆိုရင်တော့ စာရှည်သွားရင် အီသွားနိုင်တဲ့အတွက်ကြောင့် အမြဲတမ်းတော့ အားမပေးချင်ပါဘူး။

အနှစ်ချုပ်ပြောရရင် ကိုယ်ပိုင်စာရေးတယ်ဆိုတာလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ အဲဒီလို ဟာမျိုးကို ဓားမဦးချ စလုပ်တော့မယ်ဆိုကတည်းက တော်ရုံ အင်အားနဲ့ လုပ်တာမဟုတ်ဘူးလို့လည်း ယုံကြည်ပါတယ်။ အဲဒီတော့ ဒီအကြံဉာဏ်များကို အသုံးပြုပြီးတော့ အကောင်းဆုံး blog တစ်ခုကို တည်ထောင်ပြီး စာရေးခြင်းဖြင့် အသက်မွေးနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။စင