Compiling vs Scripting

Reading Time: 1 minute

Programming ပိုင်းမှာ ၂မျိုးအမြဲတမ်းရှိပါတယ်။ Compiling နဲ့ scripting ပါ။ compiling ဆိုတာက program တစ်ခုကိုရေးပြီးရင် စက်နားလည်အောင် အမြဲတစေ ပြောင်းလဲပေးရတာကို compiling လို့ခေါ်ပါတယ်။ နောက်တစ်နည်းကတော့ scripting ပါ။ တိုက်ရိုက်မောင်းခိုင်းတာပါ။ မောင်းနှင်တဲ့အချိန်ကျရင် ကိုယ်ပိုင်လုပ်ထားတဲ့ script ကို စက်က အလိုလျောက် ဖတ်၊ ပြောင်းလဲပြီး လုပ်ဆောင်ပေးတာပါ။ Continue reading “Compiling vs Scripting”

WordPress Admin Panel အကြောင်း (၂)

Reading Time: 1 minute

Admin Panel မှာဘာတွေပါတယ်ဆိုတာကို WordPress Admin Panel အကြောင်း မှာဖော်ပြထားပြီးဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာဖတ်လိုက်ရင် ဘာကိုဆိုလိုတယ်ဆိုတာကို သဘောပေါက်လောက်ပါတယ်။ ဒီအပိုင်းမှာတော့ Dashboard မှာဘာတွေပါတတ်သလဲဆိုတာကို ဂဃနဏ သိအောင်တင်ပေးပါ့မယ်။ Continue reading “WordPress Admin Panel အကြောင်း (၂)”

WordPress Admin Panel အကြောင်း

Reading Time: 1 minute

WordPress ဟာ ကမ္ဘာပေါ်မှာရှိတဲ့ Website အားလုံးရဲ့ ၃ပုံ ၁ပုံကို ယူထားတာဆိုတော့ လုပ်ငန်းတော်တော်များများမှာလည်း အလွန်တစ်ရာကိုအရေးပါ အရာရောက်တယ်ဆိုပါတော့။ အဲဒီအတွက်ကြောင့် WordPress ကိုနောက်ကျောဘက်ခြမ်းကနေ ဘယ်လို manage လုပ်မလဲဆိုတာလေးကို တင်ဆက်ပေးဖို့စိတ်ကူးရလိုက်ပါတယ်။ အဲဒီတော့ အမြည်းအနေနဲ့ WordPress ရဲ့ နောက်ခြမ်းဖြစ်တဲ့ Admin Panel ဘက်အပိုင်းကို စတင်လေ့လာလိုက်ကြရအောင်။

Continue reading “WordPress Admin Panel အကြောင်း”

Pi 3B နဲ့ Pi 3B+ အစမ်းအချက်အလက်

Reading Time: 1 minute

Raspberry Pi ဟာ နာမည်ကြီးတန်ဖိုးနည်းကွန်ပျူတာတွေကိုထုတ်လုပ်တဲ့ Element 14 ကနေ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ (တကယ်သက်သာပါတယ်။ တန်ဖိုးနည်းဆိုပြီး မသိပ်ပါဘူး။) အဲဒီမှာ နောက်ဆုံးထွက် RPI 3B+ နဲ့ သူ့ရှေ့ကထွက်ထားတဲ့ RPI 3B ဘယ်လိုကွာခြားပြီး ဘာတွေကောင်းလာတယ် မကောင်းဘူးဆိုတာလေးကို တင်ဆက်သွားပါမယ်။  RPI မဝယ်ခင် သိထားသင့်တဲ့အကြောင်းအရာတွေကိုတော့ Pi မဝယ်ခင်သိထားသင့်တဲ့အချက်များ မှာ ရှာဖွေဖတ်ရှု့နိုင်ပါတယ်။ Continue reading “Pi 3B နဲ့ Pi 3B+ အစမ်းအချက်အလက်”

ဝဘ်ဆိုက် လေးလာပြီလား

Reading Time: 1 minute

ဝဘ်ဆိုက်ဟာ အချိန်တိုင်းမှာ လေးကန်သွားနိုင်ပါတယ်။ အထူးသဖြင့် wordpress လိုမျိုး၊ Joomla လိုမျိုးကို သုံးထားတယ်ဆိုရင် အခန့်မသင့်လိုက်တာနဲ့ တမ်းပြီးတော့ လေးကန်သွားနိုင်ပါတယ်။ အဲဒီလိုလေးကန်တာမျိုးဆိုရင် ကိုယ်မသိလိုက်တဲ့အချိန်မှာ လေးသွားတဲ့အတွက်ကြောင့် ကိုယ်သိလိုက်တဲ့အချိန်မှာ နောက်ကျသွားနိုင်ပါတယ်။ သာမန်ဝင်ရောက်ကြည့်ရှု့သူတစ်ယောက်ဟာ ဆိုက်တစ်ခုကို အချိန် ၃ စက္ကန့်ထက် ပိုပြီးတော့စောင့်ရမယ်ဆိုရင် ဘယ်လိုမှ စိတ်ရှည်နိုင်မှာမဟုတ်ပါဘူး။

Continue reading “ဝဘ်ဆိုက် လေးလာပြီလား”

Email တိုက်ခိုက်မှုကြုံလာခဲ့သော်

Reading Time: 1 minute

အခုတလောမှာ Email တွေလည်း တိုက်ခိုက်ခံရတာများလာပါတယ်။ ဟိုးအရင်တုန်းကလည်း Phishing လို့ခေါ်တဲ့ ယုန်ထင်ကြောင်ထင် တိုက်ခိုက်မှုတွေကိုလည်း ကြုံခဲ့ဘူးကြမှာပါ။ (Phishing Attack အကြောင်းကို သိချင်ရင် Phishing Attack ဆိုတဲ့စာစုမှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။) အဲဒီလိုမျိုးမဟုတ်ပဲ နောက်တစ်ခုကတော့ ကိုယ်မသိတဲ့ဟာမျိုးမှာ Phishing attack သို့တည်းမဟုတ် အခြားသော သူစိမ်းစာမျိုးတွေ ဝင်ရောက်လာပြီဆိုရင် ဘာမျိုးတွေ လုပ်သင့်လဲဆိုတာလေးကိုပါ ပြောပြလိုက်ပါမယ်။ Continue reading “Email တိုက်ခိုက်မှုကြုံလာခဲ့သော်”

portfolio အတွက် အသစ်ထွက် အခမဲ့ Template ၅ခု

Reading Time: 1 minute

Website ထောင်ဖို့ဆိုတာလုပ်ငန်းရှင်တွေသာမက ပညာရှင်တွေကလည်း Website ရှိဖို့လိုအပ်ပါတယ်။ ဘယ်သူတွေလိုအပ်သလဲဆိုရင်တော့ professionals တွေအားလုံးလိုအပ်ပါတယ်။ ရှေ့နေတွေ၊ ရုပ်ရှင်သူရုပ်ဆောင်တွေ၊ ဓာတ်ပုံဆရာတွေ၊ အလှဖန်တီးရှင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီ၊ ပန်းပုဆရာတွေ အပါအဝင် အတော်များများဟာ professional တွေပဲဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင် portfolio ဆိုတာရှိသင့်ပါတယ်။ Continue reading “portfolio အတွက် အသစ်ထွက် အခမဲ့ Template ၅ခု”

WordPress နဲ့ Static Site ဘာလုပ်မလဲ

Reading Time: 1 minute

ကိုယ်ပိုင်ဆိုက်တစ်ခုထောင်တယ်ဆိုတာလွယ်တယ်လို့များထင်လိုက်ရင် မျက်နှာ အရင်ဆုံးပြေးသစ်လိုက်တာ အကောင်းဆုံးနည်းလမ်းလို့ပဲ ကျွန်တော်လည်း ဆိုလိုချင်ပါတယ်။ ဆိုက်ထောင်ရတာ အများကြီးစဉ်းစားစရာ၊ တွေးတောစရာတွေရှိပါတယ်။ အဲဒါကြောင့်မို့ အဲဒီလိုတွေးတောရတာကိုကြိုက်နှစ်သက်တဲ့သူများအတွက် နှိုင်းယှဉ်စရာလေးတွေကို တင်ပေးနေတာလည်းဖြစ်ပါတယ်။ ကိုယ်ပိုင် website တစ်ခုရှိခြင်းရဲ့ကောင်းကျိုးတွေကိုတော့ သင့်မှာ ဝဘ်ဆိုက်တစ်ခုရှိခဲ့မယ်ဆိုရင် နဲ့ သင့်လုပ်ငန်းမှာ ဝဘ်ဆိုက်ရှိဖို့လိုအပ်တဲ့အကြောင်း ၇ ချက် မှာ ဖတ်ကြည့်လို့ရပါတယ်။ အဲဒီမှာ wordpress နဲ့ပဲဖြစ်ဖြစ် static နဲ့ပဲဖြစ်ဖြစ် လိုအပ်တာတွေကို ဖော်ပြထားပါတယ်။ Continue reading “WordPress နဲ့ Static Site ဘာလုပ်မလဲ”

Blogger နဲ့ wordpress ဘာသုံးမလဲ

Reading Time: 1 minute

လူတိုင်းက ဒီနေ့ခေတ်မှာစာရေးဖို့ဆိုတာလည်း အခက်အခဲတစ်ခုမှမဟုတ်တော့ဘူးလေ။ အဲဒီအတွက်ကြောင့် လူတိုင်းဟာ ကိုယ်ထင်မြင်တဲ့ကိစ္စတွေကို အွန်လိုင်းပေါ်မှာ ဖောက်သည်ချဖို့လိုလာပြီလေ။ အဲဒီမှာ ကိုယ်ကြိုက်တာသုံးဖို့ပဲ တိုင်ပတ်ကုန်တော့တာ။ Continue reading “Blogger နဲ့ wordpress ဘာသုံးမလဲ”

ကိုယ်တိုင် blog ကို Medium လိုမျိုးရှင်းရှင်းရေးကြမယ်

Reading Time: 1 minute

မြန်မာပြည်မှာ အခုတလောတော့ လူကြိုက်များ ရေပန်းစားနေတဲ့နောက်ထပ် social network ပုံစံတစ်ခုကတော့ စာရေးသူများအကြိုက် Medium ဖြစ်ပါတယ်။ Medium အကြောင်းကိုတော့ နောက်များမှာ အကျယ်တဝင့်ရေးပြမှာ ဖြစ်တဲ့အတွက်ကြောင့် အခုတော့လိုရင်းတိုရှင်းပဲပြောလိုက်ပါရစေ။ အဲဒီလိုမျိုး ကိုယ်ပိုင် Blog လေးမလုပ်ထားချင်ဘူးလား။ Continue reading “ကိုယ်တိုင် blog ကို Medium လိုမျိုးရှင်းရှင်းရေးကြမယ်”