ဘလော့ခ် တစ်ခုရှိခြင်းရဲ့ကောင်းကျိုး ၅ ခု

Submitted by lwinmaungmaung on
ဘလောခ့်

အွန်လိုင်းခေတ်ရောက်လာပါပြီ။ လူတိုင်းဟာ အချက်အလက်တွေကို ဖောဖောသီသီရနိုင်နေပြီဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့နဲ့ ခင်ဗျားတို့နဲ့ တွဲပြီးအလုပ်မလုပ်ခင်မှာ ကျွန်တော်တို့ဟာ ဘာလဲဆိုတာကို လူတိုင်းသိနိုင်ပါပြီ။ ကျွန်တော်တို့အားလုံးဟာ အရောင်းသမားတွေချည်းပါပဲ။ ပစ္စည်းရောင်းတယ်။ ခွန်အားရောင်းတယ်။ ဝန်ဆောင်မှုရောင်းတယ်။ အခုနှစ်ပိုင်းမှာ အွန်လိုင်းတိုးတက်လာခြင်းနဲ့အတူ လူတိုင်းဟာ ကျွန်တော်တို့နဲ့ အလုပ်တွဲမလုပ်ခင်မှာ အွန်လိုင်းကနေ ကျွန်တော်တို့ရဲ့အချက်အလက်၊ လုပ်ငန်းအရည်အသွေးနဲ့ အချိန်ပမာဏတို့ကို တွက်ချက်နိုင်ပြီဆိုရင် ယုံနိုင်ပါ့မလား။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဝန်ဆောင်မှုကို သုံးနေတဲ့သူတွေဟာ တစ်ခုခုကိုနားမလည်လို့ စာအုပ်စာတမ်းရယူရမယ်ဆိုရင်ကော လိုအပ်တယ်မဟုတ်ဘူးလား။ အဲဒီတော့ blog တွေဟာ အလုပ်ဖြစ်လာပါပြီ။ ဘလော့ခ်ရှိခြင်းရဲ့အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

အသုံးပြုသူတွေဆီကိုမှန်ကန်တဲ့အချက်အလက်တွေပေးနိုင်တယ်

အသုံးပြုသူတွေဟာ အခုနောက်ပိုင်းမှာ အွန်လိုင်းကနေ ဝယ်ယူမှုတွေမပြုလုပ်ခင်မှာ အင်တာနက်ပေါ်ကနေပြီးတော့ ရှာဖွေကြပါတယ်။ အွန်လိုင်းက ရှာဖွေတဲ့နှုန်းက ၈၀ ရာခိုင်နှုန်းအထိရှိပါတယ်။ အသုံးပြုသူတွေက ကျွန်တော်တို့ဆီက ဘာမှမဝယ်ခင် ကျွန်တော်တို့သတင်းအချက်အလက်တွေကိုသိနိုင်ပါတယ်။

ကိုယ်စားကြော်ငြာဆင်းပေးနိုင်တယ်

အသုံးဝင်တဲ့သတင်းအချက်အလက်တွေနဲ့ လိုအပ်တဲ့ သတင်းစကားတွေကို သင့်အစား ဘလော့ခ်ကနေ သယ်ဆောင်သွားပေးမှာပါ။ လူသတင်းလူချင်းဆောင်၊ ပန်းသတင်းပန်းချင်းဆောင်ဆိုသလိုပဲ အချက်အလက်သတင်းကို အချက်အလက်ကပဲ ဆောင်ကျဥ်းပေးနိုင်ပါတယ်။ အဲဒီအချက်အလက်တွေကပဲ သင့်ကို ဖောက်သည်ကောင်းတွေကို ခေါ်ဆောင်ပေးနိုင်မှာပါ။

အသုံးပြုသူလမ်းညွှန်ချက်ထုတ်ပြန်တာမျိုးကိုသုံးနိုင်တယ်

ကိုယ့် အသုံးချဆော့ဖ်ဝဲလ်ကို အသုံးပြုသူတွေလက်ထဲကိုအရောက်ပို့ဖို့လိုအပ်တဲ့အချိန်မှာ အသုံးပြုသူတွေလက်ထဲကို လမ်းညွှန်ထည့်ပေးလိုက်ပါ။ လမ်းညွှန်ထုတ်ပေးထားတဲ့ အသုံးချဆော့ဖ်ဝဲလ်ကို သာမာန်ထက်ပိုပြီးတော့ လူစိတ်ဝင်စားပါတယ်။

လမ်းညွှန်ချက်သေးသေးလေးတွေ

လမ်းညွှန်ချက်သေးသေးလေးတွေကလည်း အများကြီးအလုပ်ဖြစ်စေနိုင်ပါတယ်။ အသုံးပြုသူလမ်းညွှန်က လုပ်ငန်းပိုင်းကို ပိုတိုးတက်စေနိုင်သလို ဘလော့ခ်မှာ ဖော်ပြထားတဲ့ အသေးစား ကလိတဲ့အလုပ်ကလေးတွေကလည်း အသုံးပြုသူတွေကို ခေါ်ဆောင်နိုင်ပါတယ်။ ဥပမာ – ဖုန်းထဲမှာ ဆော့ဖ်ဝဲလ်သွင်းတာမျိုးပေ့ါ။

အတွေးအခေါ်ပိုင်းဆိုင်ရာတွေ

အသုံးပြုသူတွေကို အတွေးခေါ်ပိုင်းဆိုင်ရာတွေပေးနိုင်ပါတယ်။ လူဆိုတာမျိုးဟာ ကွယ်ပျောက်သွားနိုင်ပေမယ့် အတွေးအခေါ်ပိုင်းဆိုင်ရာတွေကတော့ လွယ်လွယ်ကူကူ မကွယ်ပျောက်နိုင်ဘူးမဟုတ်လား။