လုပ်ငန်းအီးမေးလ်ရှိသင့်တဲ့အချက် ၄ ချက်

Submitted by lwinmaungmaung on
Email

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ကြပြီဆိုရင် အရင်တုန်းကတော့ သံကြိုးရိုက်ကြတယ်။ နောက်ပိုင်းကျတိုးတက်လာတော့ စာတိုက်စနစ်တွေနဲ့ နောက်ဆုံးမှာတော့ ဒီနေ့အင်တာနက်ခေတ်ဆိုတာကြီးမှာ ဓာတ်ချောစာဆိုတဲ့ အီးမေးလ်ကိုအသုံးပြုလာကြတာဆယ်စုနှစ်တိုင်ခဲ့ပါပြီလေ။

ဓာတ်ချောစာဆိုတာကို စာအုပ်မျက်နှာ​ (ဖေ့ဘုတ်) မှာ ဆရာအတ္တကျော်(ဆူဒိုနင်)ကနေပြီးတော့ စရေးတာကို တွေ့လိုက်ရတာပါ။ (စာအုပ်မျက်နှာဆိုတာကလည်း သူပဲရေးလို့တွေ့လိုက်ရတာပါပဲ။) မြန်မာပီပီ မြန်မာစာအတိုင်းရေးချင်လို့ ဓာတ်ချောစာလို့ပဲ တွင်တွင် သုံးခွင့်ပြုပါ။

ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင် ဓာတ်ချောစာကို လုပ်ငန်းသုံးသီးသန့်ထားလိုက်ခြင်းအားဖြင့် လုပ်ငန်းရှင်တွေဟာ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားလို့ရသွားစေတယ်။ အလုပ်ချိန်ပြင်ပမှာပဲဖြစ်ဖြစ် နားနေချိန်မှာပဲ ဖြစ်ဖြစ် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာစာတွေဟာ ဒလဟော ဝင်ရောက်လာနိုင်စရာမရှိတော့ပါဘူး။

ဒုတိယအချက်က ကိုယ့်ရဲ့ လုပ်ငန်းပုံရိပ်ဟာ အမြဲတမ်းထင်ဟပ်ပါတယ်။ ကိုယ့်လုပ်ငန်းမှာအသုံးပြုတဲ့ ဓာတ်ချောစာ လိပ်စာကလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ်ဟာ အခမဲ့သုံးလိုက်တဲ့အတွက်ကြောင့် သက်သာသွားတဲ့ငွေကြေးက တစ်လကို နည်းပါးပေမယ့် အဲဒီအတွက်ကြောင့် ယိုယွင်းသွားရတဲ့ လုပ်ငန်းတန်ဖိုးက အဆမတန်ကို ကွာခြားပါတယ်။

တတိယအချက်ကတော့ ကိုယ့်မေးလ်ဟာ တခြားမှာထားလိုက်တာနဲ့ အမြဲတမ်း lock ကျသွားနိုင်တဲ့အခွင့်အရေးရှိတယ်ဆိုတာကိုမမေ့ပါနဲ့။ ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့မို့ပါ။ Lock ကျသွားရင် ကိုယ့်ဖောက်သည်တွေကို Lock ဖြည်ပြီးမှ ပြန်ဆက်သွယ်မှာလား။

စတုတ္ထနဲ့နောက်ဆုံးအချက်ကတော့ လုပ်ငန်းအတွက် သီးခြားမေးလ်ထားတာက လုံခြုံရေးကို ဂရုစိုက်တယ်ဆိုတဲ့အချက်ပါ။ ကိုယ့်လုပ်ငန်းကို ဂရုစိုက်တာက ဘာတွေများလဲဆိုရင်တော့ ဝန်ထမ်းပြောင်းသွားရင် အဲဒီမေးလ်ကို သိမ်းထားလိုက်ပြီး ပြန်သွင်းလို့ရတဲ့အချက်ပါပဲ။ တခြားမေးလ်တွ့ဆိုရင်တော့ တာ့တာပါပဲ။

Category